Unicode
မေမေအကြည့်တွေ အရင်တွေမာန်မပါတော့ မျက်လုံးတွေကလဲ ဖျော့တော့နေတယ်။သူကိုကြည့်နေတဲ့ အကြည့်တွေက နွမ်းလျှနေတယ်။
"မေမေ သားကရပေးမဲ့ winကို အချိန်ပေးလိုက်ပါအုံး သူကအခုမှ နေသားကျနေတာဆိုတော့လေ"
"မေမေ နာလည်ပါတယ် ဒါပေမဲ့ မြေးနဲတော့ မေမေ့ကို တွေ့ခွင့်ပေးပါ မြေးမသိစေရပါဘူး winလဲ မသိစေရဘူးလေ မေမေ မသိအောင်ပဲကြည့်မှာပါ နော် သား မေမေကိုခွင့်ပြုပေးပါ"
Bright လက်ဖျားကိုကိုင်ကာ မျော်လင့်ချက်အပြည့်နဲ မော့ကြည့်တယ်။မေမေ့ လက်ဖျား နွေးနွေးက ကျွန်တော်လက်ကို ဆုတ်ကိုင်ထားတယ်။
"မေမေ နားလည်ပေးပါ ကျွန်တော် winခွင့်ပြုမှပဲ သားသားနဲ မေမေကို တွေ့ပေးမယ်နော် ခုကတော့.."
"ရပါတယ် သားရယ် မေမေကို အားမနာပါနဲ အဲဆို မေမေပြန်မယ်နော် မြေးက ကျောင်းဆင်းတော့မယ်မှတ်လား"
"ဟုတ်မေမေ ခနနေ ဆင်းတော့မယ်"
"မေမေပြန်ပြီနော်သား winကိုလဲ တွေ့ချင်တယ် သားရယ် မေမေ မှားခဲ့တာတွေက winခွင့်လွှတ်နိုင်ပါ့မလားဟင် "
မျက်ဝန်းထဲ မျက်ရည်တွေဆို့ကာ brightကိုကြည့်တယ်။ခွင့်လွှတ်ပေးနိုင်မယ်လို့ သားလဲ မျော်လင့်မိပါတယ်။ဒါပေမဲ့ win ခံစားခဲ့ရတာတွေ နာကျင်ခဲ့ရတာတွေတော့ များခဲ့တယ်မေမေ။
"Winက နာလည်ပေးနိုင်မှာပါ မေမေ "
"အေးပါ သားရယ် မေမေပြန်ပြီနော်"
"ဟုတ်"
Brightကို ပြောပြီးတာနဲ ကားပေါ်ကို ခပ်သွက်သွက်တက်သွားတဲ့မေမေ။ကြည့်နေမိတယ် မေမေသွားရာ လမ်းတစ်လျောက်ကို။မေမေကို ပြောင်းလဲနိုင်သူမွေးလာပြီးပေါ့။သားအချစ် မြေးအနှစ်ဆိုတာ ဒါမျိူးလား။
"မေမေကြီး ကားထွက်ရတော့မလား"
"ခနလေး ငါမြေးမျက်နှာလေးကြည့်ချင်သေးတယ် ခနလေးပါ"
ကားထဲကနေ ကလေးတွေထွက်လာတာကို ငေးနေမိတယ်။တွေ့ပါပြီ ဖြူဖြူလုံးလုံးလေးနဲ ဆံပင်အုပ်အုပ်လေ။အဖေလုပ်သူထံပြေးသွားကာ အနားရောက်တာနဲ ကိုယ်ပေါ်ကိုကုတ်တက်တော့တယ်။သားကတော့ သူ့သားကိုကောက်ချီကာ ကားထဲဝင်သွားတယ်။မြေးလေးရယ်ရင် အရမ်းချစ်စရာကောင်းတယ်။မြေးရဲ့ ရယ်သံလေး ကြားဖူးချင်လိုက်တာ။

BINABASA MO ANG
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win