Unicode
"လူလေးတို့"
"အင့်! ကိုကို ထတော့"
"ဟင်! မထချင်သေဘူး ညတုန်းက အိပ့်ရေးပျက်ထားတယ်လေ"
ကုတင်သေးသေးလေးပေါ်မှာ winကို ရင်ခွင်ထဲနစ်အောင်ဖက်ထားရင်းပြောတယ်။မျက်လုံးကတော့ မပွင့်။
"ကိုကို အဘ ခေါ်နေတာ သွားလို့ဆို"
"ဟင်းး"
Bright ပြန့်ကျဲနေတဲ့ အကျီတွေကိုကောက်ဝတ်ရင်းနဲ ထွက်လာလိုက်တယ်။အိမ်ပေါက်ဝနားမှာ ချိုင့်လေးတစ်ခုကိုင်ပြီး ရပ်နေတယ်။brightကို တွေ့တော့ ပြုံးပြတယ်။
"အဘ ခေါက်ဆွဲကြော် ယူလာတယ် လူလေးတို့အတွက်"
"အဘရာ ရပါတယ် အားနာစရာကြီး"
"အားနာစရာမလိုပါဘူး မနက်စားစားလိုက်ကြအုံး အဘလဲ တံမြတ်စည်းလှဲအုံးမယ်"
"ဟုတ်ကဲ့ အဘ"
Bright အဘပေးတဲ့ချိုင့်ကိုယူလာပြီး စာပွဲပေါ်တင်လိုက််တယ်။ပြီးနောက် အခန်းထဲ ပြန်ဝင်လာတော့ winမရှိတော့။
"ဘယ်ရောက်သွားတာလဲ"
"မျက်နှာသွားသစ်တာ"
ကျောနောက်ကနေ မျက်နှာသုပ်နဲရင်းထွက်လာတယ်။ဖြူနုနုမျက်နှာလေးက မျက်နှာသစ်ပြီးတော့ ကြည်လင်နေတယ်။နှုတ်ခမ်းရဲရဲလေးကလဲ စိုနေတယ်။
"Win မျက်နှာမှာ ဘာကပ်နေတာလဲ"
"ဟင် ဘယ်နားလဲ"
"လာ ကိုယ်ဖယ်ပေးမယ်"
မျက်နှာရှေ့တိုးကာဖယ်ခိုင်းနေတယ်။bright ရှေနားထပ်တိုးကာ ပါးနုနုကို နှာခေါင်းနစ်ဝင်တဲ့အထိ မွှေးကြူလိုက်တယ်။
"ဟာ ဘယ်လိုဖြစ်နေတာလဲ"
"အဟင်း ဘာမှမဖြစ်ဘူး ဟို အဘက ခေါက်ဆွဲကြော်လာပို့ထားတယ် စားရအောင်"
"အင်း မျက်နှာသွားသစ်အုံး"
"အင်း ခန"
Win အိမ်ရှေ့ထွက်လာတော့ ခေါက်ဆွဲကြော်ချိုင့်လေးကိုတွေ့တယ်။
"ကိုကိုရေ မြန်မြန်လုပ် အားရိုး နာတာကွာ"
ခုံမှာထိုင်ချလိုက်ရာ တင်ပါးက ထိုင်လို့တောင်မရ နာလိုက်တာ။သူမနာတိုင်း လုပ်လိုက်ရင် အရမ်းကြီးပဲ။

YOU ARE READING
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win