Unicode
ဒေါက်! ဒေါက်! ဒေါက်!
Win အလုပ်သွားခံနီး အလုပ်ရှုတ်နေတုန်း တံခါးခေါက်သံကြောင့် သားကိုအကျီဝတ်ပေးနေရာက တံခါးသွားဖွင့်လိုက်တယ်။
"ဟင်! မေမေ"
တံခါးဖွင့်လိုက်တာနဲ မြင်လိုက်ရသူက winအတွက် တုန်လှုပ်စေတယ်။အားငယ်စိတ် အလိုလိုဝင်မိတယ်။လက်ဖျားတွေ အလိုလိုအေးစက်လာတယ်။
"ဘာ မေမေလဲ နင်ကို ငါက သားအဖြစ် အသိအမှတ်ပြုထားလို့လား"
မေမေဆီက ပထမဆုံးကြားရတဲ့စကား။ အရင်တိုင်းပဲ မပြောင်းလဲ ကျွန်တော်ကိုလဲ မုန်းနေဆဲပဲ။
ကျွန်တော်ကို ဘာလို့အဲလောက် မုန်းတီးနေရတာလဲတော့ မသိ။မေမေအကြည့်တွေက ကျွန်တော့်ကို မနှစ်မြို့တာသိသာနေတယ်။"နင်ကို ငါ့သားနဲ မပတ်သတ်နဲလို့ပြောထားတယ်လေ"
"မေမေအိမ်ထဲဝင်ပါအုံးလား "
"မဝင်နိုင်ပါဘူး ငါသားနဲမပတ်သတ်လို့လာပြောတာ "
"မပတ်သတ်လို့ရမယ်မထင်ဘူး ကျွန်တော်တို့ နှစ်ယောက်ကြားမှာ.. "
ဖြောင်း!
Winစကားမဆုံးခင် ပါးပေါ်ကို အားပါပါနဲရိုက်ခံလိုက်ရတယ်။ဘာမှတောင်ပြောခွင့်မရ။
"ငါ့က မပတ်သတ်ရင် မပတ်သတ်နဲပေါ့ ဘာလဲ ငါ့သားမှာက သုံးမကုန်လဲပိုက်ဆံတွေရှိနေတော့ ပြန်ကပ်တာလား ယောကျားဖြစ်ပြီး တော်တော််အရှက်မရှိတဲ့ကောင် "
မျက်နှာကိုမဲ့ကာပြောပြီး အထင်သေးတဲအကြည့်တွေနဲ ကြည့်နေတယ်။
"မေမေ ကျွန်တော်က.."
"ဘာမှထပ်မပြောနဲ ငါသားနဲဝေးဝေးနေ ဒါပဲ ငါပြောသလိုမလုပ်လို့ကတော့ ငါ့အကြောင်းကောင်းကောင်းသိစေရမယ်မှတ်"
Winကို ပြောပြီး ချက်ချင်းလှည့်ထွက်သွားတဲ့ မေမေ။ကျွန်တော် မေမေ့ကိုချစ်တယ် ငယ်ငယ်တည်းက မေမေဆီက နွေးထွေးမူ ကြင်နာယူတွေ လိုချင်ခဲ့တယ်။မေမေကတော့ ဘာကြောင့်မှန်းမသိ အမုန်းကြီးမုန်းနေခဲ့တာ ခုချိန်ထိပဲ။
"ပါးပါး"
တံခါးရှေ့ရပ်ကာ မေမေထွက်သွားတာကို ငေးကြည့်နေမိတယ်။အတားအဆီးမရှိကျတဲ့ မျက်ရည်တွေ။
YOU ARE READING
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win