Parts 20

1.3K 55 24
                                    

Unicode

"သားသားရေ"

"ဗျာ ဖေဖေ"

Tvကြည့်နေရင်းနဲ သားက ကျွန်တော့်ဆီပြေးလာတယ်။ဆံပင်အုပ်အုပ် မျက်လုံးဝိုင်းဝိုင်လေးနဲ။အနားရောက်တာနဲ ရယ်ပြကာ မော့ကြည့်တယ်။

"ပါးပါး နေမကောင်းလို့ ဖေဖေတို့ ဆေးနဲဆန်ပြုတ်သွားတိုက်ရအောင်"

Win အိပ့်ပျော်သွားမှ ဆင်းလာကာ ကိုယ်တိုင်ဆန်ပြုတ်လုပ်နေတာ။ဘေးနားက ဒေါ်ကြီးက လိုတာတွေထည့်ခိုင်း အရသာမြည်းပေးနဲ နောက်ဆုံးတော့ ကြက်သား ဆန်ပြုတ်လေးရပြီ။

"ဟုတ် "

သားက သူ့ရှေ့ကပြေးကာ အခန်းထဲဝင်သွားတယ်။

"ဖေဖေ ရှုး! တိုးတိုး ပါးပါးအိပ့်နေတယ်"

အခန်းထဲရောက်တော့ winအိပ့်နေမှန်းသိတော့ သူလက်ညိုးသေးသေးလေးထောင်ကာ ပြောတယ်။winကို ကြည့်တော့ အိပ်မောကျနေတယ်။
ညနေစောင်းနေပြီ တော်ကြာဆက်အိပ့်ရင် အဖျားဝင်မှာကြောက်ရတယ်။

"ပါးပါး ဆက်အိပ့်ရင်ဖျားမှာ သားရဲ့"

Brightကပြောလိုက်တော့ သူ့ ပါးပါး မျက်နှာကိုကြည့်လိုက် စဥ်းစားလိုက် လုပ်နေသေးတယ်။အိပ့်နေတာကိုကျ မနိုးရက်ဘူးထင်တယ်။တော်တော်ကြာအောင် စဥ်းစားပြီးနောက်

"ပါးပါးရေ ပါးပါး "

ကုတင်ပေါ် လေးဘက်ကုန်းတက်ကာ အသံတိုးတိုးနဲ ပြောတယ်။ သူခေါ်တာမကြားတော့
ပါးကို ခပ်ဖွဖွ နမ်းကာ ဆက်မနိုးဘဲ ကြည့်နေတယ်။အဲနောက် win နား နားဆီ ဖြည်းဖြည်းလေးငုံလိုက်တယ်။

"ပါးပါးရေ ထတော့ ဖေဖေ့က ဆက်အိပ့်ရင် ဖျားမယ်တဲ့"

Bright သားတောက်ကိုကြည့်ပြီး ရယ်လဲရယ်ချင်တယ် ချစ်လဲချစ််တယ်။သူ့ပါးပါး အိပ့်ရေးပျက်မှာလဲကြောက်တယ် မနိုးရင်လဲဖျားမယ်ဆိုတော့ အသံသေးသေးလေးပြောနေတာ ဟိုက ဘယ်လိုလုပ်နိုးမလဲ။

"အင့်!"

Win နား နား ကလိကလိဖြစ်နေတာကြောင့် မျက်လုံးဖွင့်လိုက်တော့ သားတောက်။ ဘေးနားမှာ ထိုင်ရင်းနဲ သူကိုရယ်ပြနေတယ်။ကုတက်ဘေးမှာ ဆန်ပြတ် ပန်ကန်နဲ ရပ်ကြည့်နေတဲ့ ကိုကို။

My world (Completed) Where stories live. Discover now