Unicode
Win နေမရ ထိုင်မရ ဘာဖြစ်လို့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာလဲ။ ကျစ် ဘယ်လိုလုပ်မရလဲ ခုထိက အလုပ်ထွက်လိုက်ရင် မသိသာတော့ဘူး။ဟုတ်တယ် အလုပ်ထွက်ပြီး မြန်မြန်နေရာပြောင်းရမယ်။နေ့တိုင်း မျက်နှာချင်ဆိုင်ပြီး မနေရဲဘူး။
"Win win ဟဲ့ အော် ငါခေါ်တာအသက်ထွက်တော့မယ်"
" ဗျာ မကြားလိုက်လို့ "
"အင်း bossခေါ်နေတယ် သွား"
"ဘာ!!!!!!!!!"
Win ကိုခေါ်တယ် တွေ့သွားတာလား ။ဘာလို့လဲ စစတွေ့ချင်း ဘာအရင်ပြောရမလဲ ။သားသားရေ ပါးပါးဘဝ လာကြည့်ပါဦး။
"နားကိုအူသွားတာပဲ ဘာလို့ အကျယ်ကြီးအော်တာလဲ သွားတော့လေ "
"ဟုတ်"
"ဒေါက်! ဒေါက် !ဒေါက် "
"ဝင်ခဲ့"
Win တံခါးဖွင့်ပြီး ဝင်သွားတော့ ခုံမှာထိုင်ပြီး စာရင်းတွေစစ်နေတဲ့ bright။မော့တောင်မကြည့်ပဲ စကားလှမ်းပြောတယ်။
"စာရင်းတွေက မင်းလုပ်တာလား"
"ဟုတ်ကဲ့ boss"
"အင်း မဆိုးပါဘူး"
"နာမည် ဘယ်သူလဲ"
"ခင်ဗျာ ".
Winလန်သွားတယ် တကယ်မသိတာလား။ဒါမှမဟုတ် တစ်ခုခုဖြစ်ပြီး အတိတ်မေ့သွားတာများလား. ဟင့်အင်း ကျွန်တော့်မှာ မမေ့လိုက်ပါနဲ။စိတ်ထဲက အလိုလို ဝမ်းနည်းမိကာ ကျတော့မလို မျက်ရည်ကို လက်ခုံနဲ ခပ်ကြမ်းကြမ်းလေးသုတ်လိုက်တယ်။ပြီးတော့မှ
"Winပါ"
Brightမော့ကြည့်လိုက်တော့ မျက်ရည်တွေကို လက်ခုံနဲသုတ်လိုက်တာ မြင်လိုက်တယ်။ငိုပြန်ပြီး။ အသားဖြူသူမို့နှာဖျားတွေကချက်ချင်းရဲတက်လာတယ်။ဘာလို့ ငိုရပြန်ပြီလဲ။ငါနဲမတွေ့ချင်လို့လား။
"အင်း ခနထိုင် "
ပြောပြီး ခေါင်းပြန်ငုံကာ စရင်းစာအုပ်တွေကို ကြည့်နေတဲ့bright။တကယ့် သူစိမ်းတွေလို ဆက်ဆံနေတဲ့အတွက် winနေရခက်လာတာတော့ အမှန်။စကားလဲထပ်မပြောဘဲ သူအလုပ်သူလုပ်နေတယ်။winကတော့ သူ့ရှေ့မှာ ဘာလုပ်ရမှန်းမသိ။
YOU ARE READING
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win