Parts 24

1.5K 68 17
                                    

Unicode

Bright ပြောမရတဲ့ အဆုံး မေမေကိုအိမ်ခေါ်လာခဲ့တယ်။winကတော့ ပုံမှန်အတိုင်း အပေါက်ဝနားမှာ လာစောင့်နေတယ်။

"ပါးပါး"

"ရွှတ် ပါးပါး သားကမွှေးနေပဲ"

Win ကားပေါ်က ပြေးဆင်းလာသူကို ကောက်ချီပြီးနမ်းလိုက်တော့ သားက မျက်လုံးလေးတွေပိတ်တဲ့အထိရယ်နေတယ်။

"ကိုကို ဟင် မေမေ!"

Brightနောက်ကနေ ပေါ်လာတဲ့မေမေ ။ဘယ်လိုလုပ်ပြီးပါလာတာလဲ။ကိုကိုနဲလာထပ်ခွဲတာလား။

"Win ! "

"မေမေ တောင်းပန်ပါတယ် သားသားရှေ့မှာတော့ ကျွန်တော်ကို မပြောပါနဲ "

Win သားကိုချီပြီးအိမ်ထဲဝင်မလို့ပြင်လိုက်တယ်။ အရင်တုန်းက ချိုးချိုးနှိမ်နှိမ်ပြောတာတွေကိုခံနိုင်ပေမဲ့ သားရှေ့မှာတော့ အပြောမခံချင်။သားရှေ့မှာ အားကိုးရတဲ့ အဖေပုံစံသာမြင်စေချင်တယ်။

"မေမေ တောင်းပန်တယ်သား"

မေမေဆီက ထွက်လာတဲ့ စကားသံ ။winမယုံကြည်စွာနဲလှည့်ကြည့်လိုက်တော့ မျက်ရည်တွေနဲမေမေက ကြည့်နေတယ်။

"မေမေ"

"ဟုတ်တယ် သားwin မေမေပြောခဲ့တာတွေအတွက် တောင်းပန်ပါတယ် နောင်တလဲရနေပါပြီ သားတို့တွေမရှိဘဲ မေမေ မနေနိုင်တော့ဘူး ဟင့်"

မေမေငိုတာမြင်တော့ ရင်ထဲမကောင်း။သားကတော့ မျက်လုံးဝိုင်းလေးနဲ winကိုကြည့်လိုက် မေမေကိုကြည့်လိုက်နဲ။bright ကတော့ ဘာမှမပြော သားသားကို လက်ပြောင်းချီပြီးကြည့်နေတယ်။အရင်က ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ မေမေ မျက်ရည်ကျတာမြင်တော့ ရင်ထဲမကောင်း။

"မေမေ အိမ်ထဲဝင်အုံးလေ"

"ရပါတယ် သားရယ် မေမေ တောင်းပန်းပါတယ်နော်"

"မေမေရယ် တောင်းပန်စရာမလိုပါဘူး"

"မေမေကို ခွင့်လွှတ်ပါ winရယ် အရင်တုန်းက ပြောခဲ့တာတွေအတွက်ရော အထင်လွဲမိတာတွေအတွက်ရော မေမေ တောင်းပန်ပါတယ်နော် "

"မငိုပါနဲတော့ မေမေရယ် သားခွင့်လွှတ်တယ်နော်"

"မေမေတို့နဲ အတူလာပြန်နေပါလား သား"

My world (Completed) Tempat cerita menjadi hidup. Temukan sekarang