Parts 22

1.1K 56 13
                                    

Unicode

"တရားသူကြီးမင်း တောက်တောက်ကြွလာပါပြီခင်ဗျ"

လှေကားပေါ်ကနေ ရှေ့နေ့ဝတ်စုံလေး မျက်မှန်းအဝိုင်းလေးနဲဆင်းလာတဲ့သားတောက်။အိတ်တစ်လုံးကလဲလွယ်ထားသေးတယ်။အပေါ်ကဆင်းလာရင်နဲ ရယ်ရယ်ပြနေတယ်။

လှေခါးကနေ ဆင်းလာပြီး ကျွန်တော်တို့နှစ်ယောက်ရှေ့ မက်တပ်ရပ်ကာမော့ကြည့်တယ်။

"ဖေဖေ"

"ဗျ"

"ပါးပါးကို ဖက်ထားတာလွှတ်အုံးလေ"

မျက်မှန်ဝိုင်းလေးပင့်တင်ကာပြောတယ်။အော် သားရယ် ခနလေးဖက်ထားတာကို။ဖက်လို့တောင်မဝသေးဘူး။

"အင်း "

"ပါးပါး နဲဖေဖေ ထိုင်လေ တောက်တောက်အရပ်မမှီဘူးလေ"

"ဟုတ်ပါပြီဗျာ ထိုင်ပြီး"

သားသဘောကျ ထိုင်လိုက်တယ်။အဲကျမှ သားတောက်က ပြုံးပြတယ်။ပြီးတော့ winဆီကို အကြည့်က ရောက်လာတယ်။

"ပါးပါး တောက်တောက်ပြောတာ နားထောင်နော်"

"ပြောပါဗျ"

"တောက်တောက် အမိန့်ချမယ် ဖေဖေနဲတောက်တောက်ကို ထားပြီး ပါးပါးဘယ်မှမသွားရဘူး"

"အမိန့်အတိုင်းပါဗျ"

သားတောက် ကို ဆွဲဖက်ပြီးသာ နမ်းပလိုက်ချင်တယ်။နှုတ်ခမ်းသေးသေးလေးက အားယူကာ မနည်းပြောနေရတယ်။မျက်မှန်ကလဲ ချောင်နေလို့ ခနခနပင့်တင်နေရသေးတယ်။ဒီပုံစံလေးက ဘယ်သူဝတ်ပေးထားလဲ မေးစရာမလို။တကယ်ချစ်စရာကောင်းတယ်။

"ဖေဖေကိုလဲ အမိန့်ချမယ် ပါးပါးနဲတောက်တောက်ကိုထားပြီး ဘယ်မှမသွားရဘူး"

"ဟုတ်ကဲ့ပါဗျ"

Bright သားကို ကြည့်ပြီး ရယ်ချင်မိတယ်။သူ့မှာ မှားပြောမိမှာကြောက်လို့ မနည်းဖြည်းဖြည်းချင်း အားယူပြီးပြောနေရတာ နှုတ်ခမ်းလေးကိုထှော်လို့။

"ဖေဖေနဲပါးပါး လက်ပေး"

သားတောက်ကပြောပြီး အိတ်ထဲက တစ်ခုခုကိုနှိုက်ယူနေတယ်။ဗူးလေးတစ်ဗူးထွက်လာတယ်။သားလက်ကသေးသေးလေးမို့ မနည်းဆန့်အောင်းကိုင်ထားရတယ်။ထိုဗူးလေးကို သားက ကျွမ်းကျင်စွာဖွင့်လိုက်တယ်။

My world (Completed) Where stories live. Discover now