parts 27

1.1K 64 17
                                    

Unicode

သားက ငိုရလွန်းလို့ မောကာ အိပ့်ပျော်သွားရတယ်။ဘယ်သူကိုမှ အချီမခံဘဲ winလက်ထဲမှာသာ အိပ့်ပျော်သွားတယ်။သားကို ကုတင်ပေါ်ချပေးတာတောင် winလက်ကိုမလွှတ် ကျစ်နေအောက်ကိုင်ပြီး အိပ့်ပျော်သွားတယ်။

"Win သားသားအိပ့်သွားပြီးလား"

အိပ့်ပျော်သွားတဲ့ သားတောက်မျက်နှာလေးကို win ငုံကြည့်နေမိတယ်။သားက ကားကို အရင်တုန်းကမကြောက်ပါ။ဘာလို့ခုမှ အရမ်းကြောက်နေရတာလဲ။ငိုရလွန်းလို့ ကလေးက မျက်ခွံ့လေးတွေတောင်ရဲနေတယ်။

"အိပ့်သွားပြီ win ပြောစရာရှိတယ်"

"အင်း ကိုယ်ရောပဲ သားသားက ကားကို အရင်ကမကြောက်ပါဘူး ခုဘာလို့ကြောက်တာလဲ"

Bright ညနေတဲက စဥ်းစားနေတာ။သားက အရင်လို ပြေးလွှာမဆော့ဘူး သူဟာသူငြိမ်ငြိမ်လေးသာ နေတယ်။ထမင်းစားချိန်တို့ တစ်ခုခုစားချိန်တို့ဆို သူ့လက်လေးကို ကိုင်ထားပေးမှ စားတက်တယ်။အိမ်မှာ brightနဲwinနှစ်ယောက်တည်း ရှိမှသာ သားသားက သူ့ဆီကပ်တယ်။ခုလဲ သားက ကားကိုကြောက်နေပြန်တယ်။

"Winလဲ စဥ်းစားမရဘူး ဖြစ်နေတာ သားတောက်မှာ ရောဂါတစ်ခုခုဖြစ်လာတာလား ကိုကို ကျွန်တော့်သားလေးကို လုပ်ပါအုံး ကိုကို "

Brightရှေ့မှာ ခေါင်းငုံကာ တစ်ရှုံ့ရှုံ့​ဖြစ်နေတဲ့နေသူကို ပုခုံးကနေကိုင်လှုပ်ကာ သူ့ကိုကြည့်စေတယ်။ထိုအခါကမှ သူကိုခေါင်းမော့ကာ ကြည့်တယ်။

"Win ကိုယ့်ကိုကြည့် သားသားက ခုကပုံမှန်မဟုတ်တာတော့မှန်တယ် ရောဂါတစ်ခုခုဖြစ်မယ်တော့မထင်ဘူး ရောဂါဖြစ်ရင်တောင် သားကို ကိုယ်ရအောင်ကုမယ် "

"အင့်! ကိုကို သားတောက်လေး ဘာမှမဖြစ်ပါဘူးနော် ကိုကို ဟင့်!"

"စိတ်အေးအေးထားနော် win ကိုယ်ကိုယုံတယ်မှတ်လားး"

"အင်း"

Winကို သူ့ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်တယ်။အရင်တဲက တစ်ခုခုဆို စိတ်ပူတက်သူက သားသားက ထဖြစ်တော့ စိတ်အပူလွန်နေပုံရတယ်။bright အိပ့်ရာပေါ်က သားကိုကြည့်တော့ ငြိမ်ငြိမ်လေး အိပ့်နေတယ်။

My world (Completed) Where stories live. Discover now