parts 26

1K 62 20
                                    

Unicode

Bright ညဘက် အခန်းထဲမှာ အလုပ်ရှုတ်နေတုန်း ပြတင်းပေါက်ဘက်ကနေ ရိပ့်ကနဲတွေ့လိုက်လို့ လှမ်းကြည့်လိုက်တော့ ဘယ်သူမှရှိမနေ။
ခေါင်းငုံလိုက်တာနဲ ဖျက်ကနဲရိပ့်ကနဲတွေ့လိုက်ပြန်တယ်။အဲအချိန်မှာ အိမ်ရှေ့ကနေ ခွေးတွေဆွဲဆွဲငင်င်စအူလာတယ်။winကို လှမ်းကြည့်တော့ သားနိုးမှာစိုးလို့ နားလေးကို အသာပိတ်ကာ ဖက်ထားတာတွေ့တယ်။

"Win အောက်မှာ ကိုယ်ရေသွားယူအုံးမယ်"

"အင်း"

Bright အောက်ဆင်းမလို့ လုပ်နေတုန်း ဖေဖေ့တို့ အခန်းရှေ့ ရိပ်ကနဲဖျက်သွားတာတွေ့လိုက်တယ်။ခနရပ်​ပြီး
သေချာပြန်ကြည့်တော့မရှိဘူး။

"Bright"

Brightပုခုံးပေါ် ရုတ်တရက် လက်​အေးအေးစက်စက်က လာထိတာကြောင့် လန့်သွားတယ်။လှည့်ကြည့်လိုက်တော့ မေမေ။ညအိပ့်ခံနီးမို့ထင်တယ် မေမေက ဆံပင်ကို မစီးထားဘဲ ဖားလျှားချထားတာကြောင့် လူက လန့်တောင်လန့်သွားတယ်။

"အာ မေမေရယ် လန့်လိုက်တာ"

"မေမေရေသောက်ချင်လို့ ထလာတာ သား"

မေမေက မျက်နှာအမူအရာ တည်ငြိမ်စွာ ပြောတယ်။အကြည့်တွေက အေးစက်ကာ အရယ်အပြုံးမရှိဘဲ brightကို ကြည့်နေတယ်။

"အင်း သားယူခဲ့ပေးမယ် ခနနော်"

"အင်း"

Bright ရေဗူးယူပြီး အ​မြန်ပြန်တက်လာတော့ မေမေမရှိတော့ဘူး။အိပ့််ခန်းကို သွားကြည့်တော့ မေမေက အိပ့်ပျော်နေတယ်။ခုနလေးတင် ရေသောက်ချင်တယ်ပြောပြီး ခုအိပ့်ပျော်သွားပြီးထင်တယ်။ရေဗူး တစ်ဗူးကို မီးအိမ်လေးဘေးနားထားပြီး brightပြန်ထွက်လာခဲ့တယ်။

"ကိုကို ခုနက တံခါး လာခေါက်သေးလား"

"မခေါက်ပါဘူး ကိုယ်ရေသွားယူနေတာ"

"ခုနက တံခါးခေါက်သံကြားလို့"

"မေမေထင်တယ်"

"Winကြောက်လို့လား ခွေးတွေအူနေတော့"

Brightရေဗူးမော့သောက်ကာ ကုတင်ပေါ် လှဲရင်းမေးလိုက်တယ်။

"မကြောက်ပါဘူး "

"သားသားက အိပ့်သွားပြီးလား"

My world (Completed) Where stories live. Discover now