Unicode
နေပူပူထဲက သားအဖကို တစ်ချက်ကြည့်လိုက်တော့ သားတောက်က မျက်နှာကို နေထိုးနေတော့ မျက်တောင်လေးပုတ်ခက်ပုတ်ခက်နဲ သူကို ရှိသမျှသွားအကုန်ပေါ်အောင်ရယ်ပြတယ်။ဘေးကလူကတော့ သူကိုပြုံးပြုံး ပြနေတယ်။winစွေကြည့်လိုက်တော့မှ နှုတ်ခမ်းထော်ကာခေါင်းငုံ့သွားတယ်။
ဝူး! ဝူး!
Win အထုတ်တွေ ကားပေါ်တင်ပြီး ကားစက်နိူးလိုက်တော့ တကယ်ထားခဲ့မှာလားဆိုတဲ့ အကြည့်တွေနဲ။သားအဖနှစ်ယောက် ဖင်တကြွကြွဖြစ်နေပုံက တကယ်ကို သားတောက်က ချစ်စရာလေး။
ကားမှန်တင်လိုက်တော့
သားတောက်က သူကိုလိုက်ကြည့်တာ မျက်လုံးလေးကိုဝိုင်းနေတာပဲ။ မျက်နှာဝိုင်းဝိုင်းလေးက မဲ့ကျကာ ငိုတော့မလိုရုပ်လေးနဲ အဖေလုပ်သူကိုမော့မော့ကြည့်နေတယ်။
ခုကျ ထားခဲ့မှာကြောက်တယ်ပေါ့။ဘေးကလူကလဲ မသိရင် သားနဲအပြိုင်ပဲ ငိုတော့မလိုနဲ။
မှတ်လောက်အောင် ထားချင်ပေမဲ့ သားမျက်နှာကြောင့် စိတ်လျော့လိုက်တယ်။မေမေကို ထားပြီးလာထဲက bright သူနဲသားကို ဘယ်လောက်ချစ်တယ်ဆိုတာသိပါတယ်။မေမေကို ဆန်ကျင့်ဖို့က brightအတွက် လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ winသိနေတယ်။ဒါပေမဲ့ဗျာ.."ဟို နှစ်ကောင် ကားပေါ်တက်"
Win ပြောလိုက်တာနဲ တစ်ပြိုင်နက် သားနဲbrightမျက်နှာ ပြုံးဖြီသွားတယ်။သားသားကလဲ နိုင်ရာအထုတ်သေးလေးကိုဆွဲကာ ကားနား ပြေးလာတယ်။လုပ်နေကြ အတိုင်အဖောက်ကိုညီနေတာပဲ တစ်ချိုးတည်းတွေ။
"အာ ခုမှအေးသွားတယ်နော် သား ဟီး".
"ဝုတ်တယ် ဖေဖေ ဟီး"
သားသားက လက်သေးသေးလေးနဲ ယက်တောင်လိုမျို တစ်ဖျက်ဖျက်လုပ်နေတယ်။ ပြီးမှ winဆီကို ကျော်ခွပြီး ပေါင်ပေါ်ခွထိုင်ပြီး winမျက်နှာကို မော့ကြည့်ကာ
"ပါးပါးကို များကြီး ချစ် မွ မွ"
ပေါင်ပေါ်ကနေ မမှီတမီလေးနဲ ပါးကို နမ်းရင် မျက်နှာချိုသွေးနေတယ်။ခုနက ဖေဖေဆို ခုမှ ပါးပါးတဲ့။လူလည်လေး ငယ်ငယ်လေးနဲ အကုန်တက်။သူ့အဖေကိုကျ နည်းနည်းတောင် မျက်နှာအပျက်မခံဘူး။လူဆိုးပေါက်စလေး။
![](https://img.wattpad.com/cover/260098343-288-k703750.jpg)
أنت تقرأ
My world (Completed)
أدب الهواةငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win