Unicode
Bright သားကို မျက်စိအောက်ကကို အပျောက်မခံနိုင်တော့ဘူး။သားက သူ့ဘေးမှာ တစ်ယောက်ယောက်မရှိတာနဲ ထထပြီးငိုတော့တာ။ခုလဲ သားTvကြည့်နေတာကို နှစ်ယောက်သား ဘေးက ထိုင်ကြည့်နေရတယ်။သားကတော့ ပုံမှန်ပဲ ကာတွန့်ကြည့်နေတယ်။
"Win ကိုယ်တို့ သားလေး ဘာဖြစ်လို့ အရမ်းတွေငိုနေရတာလဲ မသိဘူး ဆေးခန်းလေး ဘာလေး ပြရင်ကောင်းမလား"
"အင်း winလဲ စဥ်းစားထားတယ် ဒါပေမဲ့ သားက ခုကြည့် ဘာမှမဖြစ်ဘူး တစ်ခါတစ်လေမှဖြစ်တာ"
"အင်း အဲဒါတော့ဟုတ်တယ် ဒါပေမဲ့ သားလေး ငိုတာ ကိုယ်မမြင်ချင်ဘူး သားရဲ့ ကလေးဘဝကို ပျော်ပျော်ရွင်ရွင်လေးပဲ နေစေချင်တယ်"
အသံတိမ်ဝင်သွားတာကြောင့် winသူကိုကြည့်မိလိုက်တယ်။ခေါင်းကြီးငုံကာ မျက်ရည်တွေသုတ်နေတယ်။ကိုကိုရယ်
"ကိုကို မငိုပါနဲ သားက "
"သားလေး အဲလိုဖြစ်နေတာ ကိုယ်မကြည့်ရက်ဘူးကွာ"
Win ရင်ဘက်မှာ ခေါင်းစိုက်ကာ အသံတိတ်ငိုနေသူကြောင့်
ဘယ်လိုနှစ်သိမ့်ရမှန်းမသိ။ခေါင်းမာပြီး အရာရာကို ဖြတ်ကျော်နိုင်သူက သားနဲပတ်သတ်မှပဲ မျက်ရည်တောင်ကျတယ်။ထိုအချိန် သူတို့ကို အပေါ်ထပ်ကကြည့်နေသူတစ်ဦးလဲရှိနေခဲ့တယ်။အပြုံးတွေနဲပေါ့။
"ဒါလီလိုမိန်းမက အလွယ်တကူပျောက်သွားမယ်ထင်နေတာလား Bright။ဒီမြင်ကွင်းကို ကြည့်ရတာ အရသာရှိလိုက်တာ အဟင်း"
ပြောပြီး အပြုံးတွေနဲ ဝင်သွားတဲ့ သူတစ်ယောက်ကိုတော့ ဘယ်သူမှမတွေ့လိုက်ကြပေ။
"ကိုကိုရယ် သားက ဘာမဖြစ်ပါဘူး မငိုနဲနော် "
"သားကို ဘယ်လိုလုပ်ရင်ကောင်းမလဲ Win "
ဆေးခန်းပြလောက်ရအောင်လဲ သားကရောဂါဖြစ်နေတာမဟုတ်။ငိုရင်သာ အဆက်မပြတ် အသံကုန်အော်ပြီးငိုတာတစ်ခုသာ။အချိန်တိုင်းငိုနေတာလဲမဟုတ် တစ်ခါတစ်လေမှသာ ဖြစ်တယ်။
"ကိုလေးရေ ဧည့်သည်လာတယ်"
Winကြည့်လိုက်တော့ winကို မွေးစားဖို့ ဖေဖေတို့နဲထည့်ပေးလိုက်တဲ့ ဘုန်းဘုန်း။ကြွမယ်လို့ ကြိုမပြောထားတာကြောင့် နည်းနည်းတော့
ဂရောက်ဂယက်ဖြစ်သွားတယ်။
ဘာ အကြောင်းကြောင့် ဘယ်လိုကြွလာတာလဲမသိ။win မြန်မြန်ထကာ သွားကြိုလိုက်တယ်။
![](https://img.wattpad.com/cover/260098343-288-k703750.jpg)
YOU ARE READING
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win