Unicode
ဒီနေ့ အလုပ်ပိတ်ရက်မို့ bright အိမ်မှာနေရင်း သားသားကို ဝိုင်းထိန်းပေးနေရတယ်။သားကလဲဆော့တာ မျောက်မူးလဲ တော်တော်ထိန်းရတယ်။နေလည်လောက် သားအိပ့်ချိန်မှပဲနားရတော့တယ်။
သားကလဲ အိပ့်နေတာဆိုတော့ သူ့ဘက်က မေမေ့ကိစ္စနဲ ပတ်သတ်ပြီး winကိုစကားစဖို့ ကြိုးစားကြည့်တာ ကောင်းမယ်။
"Win"
"ဗျာ"
"ဒီနေ့လဲ ဖေဖေလာတွေ့တယ် သားကို"
"အင်း win သိတယ်"
မေမေနဲwinကို အဆင်ပြေစေချင်ပြီ။မေမေ့ဘက်ကလဲ winကို လိုလိုလားလားလက်ခံလာပြီ။ဒါပေမဲ့ winဘက်က မေမေ့ကို စိတ်ဆိုးနေမလားမပြောတက်ဘူး။
"မေမေက ကျွန်တော့်ကို စိတ်နာနေမှာ ကိုကို"
Win မျက်နှာငယ်သွားတယ်။ရုံးခန်းထဲမှာ မေမေ့ကိုပြန်ပြောမိခဲ့တယ်။ပြီးတော့ brightကပါ သူ့နောက်လိုက်လာတာဆိုတော့။မေမေမုန်းရင်လဲ မုန်းနိုင်ပါတယ်။
"မေမေက လက်ခံပေးမယ်ဆိုရင်ရော"
"ဟင်"
Win မျက်နှာလေး ဝင်းသွားတယ်။မေမေကို ခါးခါးသီးသီးမဟုတ်လို့တော့သေးတယ်။ဒီလောက်ဆို အဆင်ပြေမှာပါ။
"ကိုယ်က မေးကြည့်တာပါ မေမေဘက်က အဆင်ပြေရင် winဘက်ကကော အဆင်ပြေလား".
"Winက ပြေပါတယ် "
"ကဲ ထားလိုက်တော့ မျက်ရည်တွေဝဲမလာနဲ ကိုယ်မကြိုက်ဘူး"
Winကို ရင်ခွင်ထည့်ကာ ဖက်ထားလိုက်တယ်။ရပြီး ဒီလောက်ဆ်ို winစိတ်ကို သူသိပြီ။ကျွန်တော်တို့မိသားစုလဲ ပေါင်းစည်းချိန်တန်ပြီထင်တယ်။ကံတရားက ကိုယ်ဘက်ရောက်လာခဲ့ပြီ။
"အင်း"
>>>>>>>>>>
Bright အဆင်ပြေနေရောပဲ။winကို ရင်ခွင်ထဲထည့်ကာ မုန့်လေးစားလိုက် ငုံနမ်းလိုက်နဲ သာသာယာယာ။ဟို အမွှေစိန် ငရှုတ်လေး မနိုးခင်အချိန်ထိပေါ့။ပိတ်ရက်ဆို သားအိပ့်မှပဲ သူwinနားကပ်လို့ရတာ။
"ပါးပါး"
ကြည့်နူးလို့မှမဆုံးသေးဘူး။ အိမ်ပေါ်ကနေ ခေါင်းစုတ်ဖွားနဲဆင်းလာတဲ့ ငရှုတ်လေး။နိုးနိုးချင်းမို မျက်လုံးက မပွင့်တစ်ပွင့်နဲ။

BINABASA MO ANG
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win