မနက်ကနေ ကျောင်းလွှတ်ချိန်ထိ
ကျောင်းရှေ့ငုတ်တုတ်ထိုင်စောင့်နေမိတယ်။စိတ်လောနေတာကြောင့်လဲပါ၏။ အပြင်မှာခုမှတွေ့ရတာကြောင့် မြေးက မှတ်မိပါ့မလား စိုးရိမ်မိနေတယ်။၂:၃၀ လောက်ကျ လွယ်အိတ်ကိုယ်စီနဲ ကလေးငယ်လေးတွေ ထွက်လာတယ် ။တစ်ယောက်ချင်းစီးကိုသေချာလိုက်ကြည့်နေမိတယ်။Bright သားကိုကြိုဖို့ နည်းနည်းစောရောက်တယ် ဒုတိယမြောက် ထွက်လာတဲ့ သားတောက် ။သူကိုမြင်တာနဲပြေးဖက်ကာ ကိုယ်ပေါ်ကုတ်တက်တော့တယ်။
"ဖေဖေ့"
"ဖေ့သားက ချစ်စရာကောင်းတာကွာ"
Bright သားကို ကောက်ချီကာ ပါးဖောင်းဖောင်းလေးကို တစ်ချက်နမ်းလိုက်တယ်။ပြီးမှ ဂျယ်လီတစ်ခုထုတ်ပေးလိုက်တော့ သဘောကျတာ ရယ်နေတယ်။
မူကြို လွှတ်တယ်ဆိုတဲက ခုန်စွခုန်စွနဲ ဆံပင်ဖွာလန်ကျဲအောင် ခုန်ပြီး ပြေးထွက်သွားတဲ့ ကလေးတစ်ယောက်။သဘောကျပြီး ရယ်နေတာ ပါးလေးကိုဖောင်းလို့။အကြည့်တောင်မလွဲနိုင် ထို ကလေးပြေးသွားရာ လိုက်ကြည့်မိတယ်။
ဟင်! သားbrightချီထားတာပဲ ဒါဆို ဒီကလေးက.."ဟင်! မြေး မြေးလေး"
ပြေးသွားမိတယ် ။ဒီကလေးက သူ့မြေးပေါ့။ပျော်လွန်းလို့ မျက်ရည်တွေပါ ကျလာတယ်။လမ်းကရှင်းနေလို့တော်သေးတယ်။ဘေးကိုတောင်မကြည်မိ မျက်လုံးက မြေးဆီက မခွာနိုင်ဖြစ်နေတယ်။
"ဖေဖေ ဘယ်လိုရောက်"
Bright သားသားကိုချီရင်နဲ အံသြတကြီးမေးလိုက််တယ်။
"ဒါ ဖေဖေ့ မြေးမှတ်လား သား"
Bright လက်ထဲက ကလေးကိုလုချီကာ မျက်ရည်ဝိုင်းနေတဲ့ဖေဖေ။ဖေဖေရယ် အဲလောက်တောင် မြေးဖြစ်သူကိုတွေ့ချင်နေတာလား။အဲဆို မေမေကကော တွေ့ချင်ရဲ့လား။မေမေ့ကို သတိရသွားပြန်တယ်။
"မြေး ဖိုးဖိုးလေ မှတ်မိလား"
သားက ခနစဥ်းစားပြီ မှတ်မိသွားပုံရတယ်။သူ့အဖိုးကို သွားသေးသေးလေးတွေ အကုန်ပေါ်တဲ့အထိ ရယ်ပြတယ်။
"ဖိုးဖိုး "
"အမလေး မြေးရယ် မှတ်မိလို့တော်သေးတယ်"

VOUS LISEZ
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win