Parts 3

1.9K 106 6
                                    

Unicode

win အကျီကို ပုခုံးနားထိဆွဲချကာ လည်တိုင်ကို အားပါပါနဲ ငုံ့ပြီး​ကိုက်ချလိုက်တယ်။ လည်တိုင်သွယ်သွယ်ဖွေးဖွေးလေးက ညမီးရောင်အောက်မှာ ကိုက်ဖောက်နမ်းချင်စရာဖြစ်လာတာကြောင့် ကိုက်ချလိုက်လို့ အကွင်းလိုက်ကြီးဖြစ်သွားတယ်။

"အင့်! နာတယ် "

ငိုတော့မလိုမျက်နှာနဲ မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးနဲ brightကိုမော့ကြည့်တယ်။

"ငိုရဲငိုကြည့် တစ်ကိုယ်လုံးကိုက်ရာ ဖြစ်သွားမယ်နော် ကိုကိုလို့ပြန်ခေါ် "

အဲခါမှ ကျလုဆဲဆဲ မျက်ရည်ဥတွေကို မျက်တောင်ကော့ကော့လေးတွေနဲပုတ်ထုတ်တယ်။လက်တစ်ဖက်က သူ့ကိုက်ထားလို့ အကွင်းလိုက်ဖြစ်နေတဲ့ ပုခုံးကိုအုပ်ထားတယ်။brightကိုက်ပြီးသွားမှ နည်းနည်းလွန်သွားမှန်းသိတယ် သွေးတောင်စို့နေတယ်။

"ဟင့်! နာနေပြီးး"

"ခေါ်ဆို "

"ကိုကို"

ဘယ်လိုဟာမှန်းမသိ ပြောရင်မမှတ်ထားဘူး ။ ညီအကိုတွေမို့ သည့်ခံနေတာ။ထစ်ခနဲရှိ ငိုနေတာပဲ။ခုတလော bright ကိုယ့်စိတ်ကို နားမလည်ဘူး။ ဘာဖြစ်နေမှန်လဲးမသိ​ပြန်ဘူး။တစ်​​နေ့တစ်ခြား ဒီကောင်လေးကိုမြင်ရင် ဘာဖြစ်နေမှန်းမသိဖြစ်နေတာ။စိတ်တွေလဲရှုတ်လာတယ်။တော်ပြီး ဘာမှထပ်မတွေးဘဲ ဖက်အိပ့်လိုက်တော့မယ်။
ညီကိုတွေလဲ ဖက်အိပ့်ကြတာပဲကို ဟုတ်တယ် winနဲငါက ညီကိုတွေ။

"အိပ့်တော့ "

Winကို ရင်ခွင်ထဲထည့်ကာ ပြုံးပြုံးကြီးအိပ့်နေတယ်။ခြေထောက်ကလဲ win ခါးကိုခွထားသေးတယ်။

"ငါ့ ခွခေါင်းအုံးနေရာမှာ မင်းအိပ့်လို့ ခွတာနော် ရတယ်မှတ်လား"

"ဟုတ်"

Win သက်တောင့်သက်သာမရှိ တောင့်တောင့်ကြီးငြိမ်နေတယ်။လှုပ်ရင်လဲ အော်မှာကြောက်လို့ မျက်လုံးကို မအိပ့်ချင်လဲမှိတ်ကာ ငြိမ်နေလိုက်တယ်။ နည်းနည်းကြာတော့ winကို ဖက်ထားတဲ့လက်တွေလျော့ သွားတာ​ကြောင့် brightအိပ့်ပျော်သွားပြီဆိုတာ သိလိုက်တယ်။

My world (Completed) Where stories live. Discover now