Unicode
~~~၃လခန့်ကြာသော်~~~~
မေမေကတော့ မယုံနိုင်စရာဖြစ်ရပ်တွေကြောင့် အနည်းငယ်လန့်သွားပုံရတယ်။အရင်ကလို မဟုတ်တော့ဘဲ ဘုရားတရားကိုသာ အချိန်ပြည့်လုပ်လာတယ်။ခုလဲ ရက်ရှည်တရားစခန်းဝင်သွားတယ်။သားတောက်က အဖွားလုပ်သူကို ပထမက သိပ့်မကပ်ပေမဲ့ အချိန်ကြာလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အရင်ကလိုပဲ ပုံမှန်ဖြစ်လာတယ်။
"ပါးပါးရေ တောက်တောက် ဗိုက်ဆာနေပြီ ပါးပါးရေ "
သားက ဆော့နေတာတောင်မရပ်သေးဘဲ ထအော်တယ်။သားကိုလဲ ခုမှပဲ အရင်ကလို သွက်သွက်လက်လက်လေးဖြစ်လာတယ်။
"ကိုကို ထမင်းစားတော့မလား"
"အင်း စားရအောင်"
Winက မစားဘဲ သားကိုအရင်ခွံရတယ်။
"Win သားကို ဒေါ်ကြီးကိုခွံ့ခိုင်းလေ တူတူစားရအောင်"
"ဟင့်အင်း ရဘူး ပါးပါးခွံ့နော် နော် ပါးပါး"
အရင်က ဒေါ်ကြီးခွံ့နေကို ခုမှ ပါးပါးတဲ့။သားကတော့ ဇာတ်လမ်းစပြီထင်တယ်။ထမင်းစားတာတောင် ပါးလေးဖောင်ကား လှုပ်စိလှုပ်စိ လုပ်နေသေးတယ်။တစ်ချက်မှကို မငြိမ်တော့တာ။
"ပါးပါး တူတူဆော့"
"လာ ဆော့ရအောင်"
ထမင်း စားပြီးတော့လဲ သားကို အရုပ်တွေနဲကူဝိုင်းဆော့ပေးနေတဲ့win။ brightကတော့ sofaပေါ်ကနေ ထိုင်ပြီးကြည့်နေတယ်။သူပါဝင်ဆော့ပေးမယ်ဆိုတော့ မဆော့နဲတဲ့။ကောင်းလားကြည့် ပြောပုံကိုက။
"ပါးပါး Tvကြည့်မယ်"
Winကတော့ သားကိုပေါင်ပေါ်တင်ပြီး သူပါ ကာတွန့်ကို စိတ်ဝင်တစားကြည့်နေတယ် ။အနားကို အသာလေးသွားကာ winနားကပ်တော့ သားသား လက်ပိစိလေးက တွန်းလွှတ်တယ်။လက်ညိုးလေးထောင်ကာ မကိုင်နဲဆိုနဲ မျက်နှာနဲကြည့်တယ်။winကတော့ သူနဲသားဖြစ်နေတာကိုမသိ ကာတွန်းအကြည့်မပျက်။
"ပါးပါး ဂျယ်ဂျယ် စားချင်တယ်"
"တစ်ခုပဲ ရမယ်နော်"
"ဟုတ် ပါးပါးကိုချစ်"
သားက လက်ခုပ်လေးတီးကာ ခုန်နေတယ်။ပျော်နေတာကြည့်။winထသွားတော့ brightနောက်က ပြေးလိုက်သွားတယ်။
![](https://img.wattpad.com/cover/260098343-288-k703750.jpg)
DU LIEST GERADE
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win