Unicode
"အဟက်! နု့ညံနေတာပဲ"
Win တစ်ကိုယ်လုံးကို ပေါင်ပေါ်ပွေ့တင်ကာ ကလေးငယ်တွေကိုချီထားသလို ပေါင်ပေါ်တင်ရင် တစ်စိမ့်စိမ့်ကြည့်နေတဲ့ သူတစ်ယောက်။ပါးလေးဆွဲလိုက် နှာခေါင်းလေးတို့လိုက်တဲ့ အသဲယားနေပုံရတယ်။
"ချစ်စရာလေး"
သူ ညှစ်လိုက်လို့ နှုတ်ခမ်းလေးဆူတက်တာကို သဘောတွေကျကာ ရင်ခွင်ထဲနစ်မြုပ်အောင်ဆွဲဖက်ထားတယ်။
ဘေးက ဒါလီရှိနေတာတောင် သတိမထားမိအောင်ပဲ။"အဟမ်း "
"ဒါလီ ကျေးဇူးပဲ မင်းလိုချင်တာအကုန်ရစေရမယ် ဒါပေမဲ့ ကလေးအကြောင်းကို ပိုသေချာအောင်စုံစမ်းအုန်းမယ်"
ထိုလူစကားကြောင့် ဒါလီနည်းနည်းလန့်သွားတယ်။winကို အိမ်ထောင်ရှိတယ်လို့မပြောထားဘူး ။တစ်ကောင်ကြွက်လေးလို့ ပြောထားတာ။အိမ်ထောင်မရှိဘဲ လွတ်လွတ်ကင်းကင်း သူဖြစ်ရမယ်ဆိုပြီးရှာခိုင်းထားတာ။သိသွားရင် အသတ်ခံရမလားပဲ။ ဒါပေမဲ့ မသိနိုင်လောက်ပါဘူး ခနနေရင်ပဲ ဒီနိုင်ငံမှာရှိတော့မှာမှမဟုတ်တာ။
"ဒါလီကို မယုံတာလား စိတ်ချပါ အဲမျိူးက ဒါလီ မလိမ်ပါဘူး ခစ်! ခစ်! ခစ်!"
မရယ်ချင်ပေမဲ့လဲ သရုပ်မှန်မပေါ်အောင် ဖုံးဖိရင်း မျက်နှာက စိုးရိမ်စိတ်တွေမပေါ်အောင် ရယ်ပြလိုက်တယ်။ဒါပေမဲ့ ဒါလီကို ရယ်တာကို စိုက်ကြည့်နေသေးတယ်။
"အင်း သေချာပါစေ ဒါလီ"
Winကို ပြန်ငုံကြည့်ကာ ပြုံးနေတယ်။ပါးလေးကို ခပ်ဖွဖွကိုင်ရင် ဆေးအရှိန်ကြောင့် ပါးလေးတွေရဲတက်လာတာ လက်ညှိုးလေးနဲ တို့ထိကစားနေတယ်။
>>>>>>>>>
ဝုန်း!
"Boss!!"
တံခါးကို ရိုက်ချိုးပြီး ဝင်လာသလားမှတ်ရတယ်။မိန်းကလေးဖြစ်ပြီး ကြမ်းလိုက်တာ။အထဲမှာ ရှိတဲ့ brightနဲmanတောင် တုန်သွားတယ် ။မိန်းကလေးအားက အဲလောက်ရှိသလား။
"မင်း! မင်း! တံခါးကို ရိုက်ချိုးလာတာလား အလင်း"
Man က လန့်ဖြန်ကာ မေးတယ် စကားတောင်ထစ်နေတယ်။brightကတော့ ကြည့်သာကြည့်နေတယ်။
DU LIEST GERADE
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win