Unicode
"Win ကြာသွားလား ကိုယ်အသိနဲတွေ့နေလို့ "
အခန်းထဲပြေးဝင်လာတဲ့ luke။လက်ထဲမှာလဲ မုန့်ထုတ်တွေနဲ။
"မကြာပါဘူး ရပါတယ်"
"အင်း ဒီမှာ မုန့်စားလိုက်ဦး ဗိုက်ဆာနေပြီးလား"
Luke အသားညှပ်ပေါင်မုန့်နှစ်လုံးနဲ အချိုရည်တစ်ဘူးကို ပေးလိုက်တယ်။ဗိုက်ဆာလို့ထင်တယ် စားလို့ကောင်းနေတယ်။
"ဟီး ကျေးဇူး"
Win ယုန်သွားလေး ပေါ်အောင် ရယ်ပြတော့ lukeက winခေါင်းလေးကိုပုတ်ကာ ပြောတယ်။
"ရယ်ရင် ချစ်စရာလေး"
"P'lukeလဲ ချောပါတယ်"
"ဖြည်းဖြည်းစားပါ မလုစားပါဘူး"
"ဟီး ဟုတ်"
Win စားနေရင် brightကို ကြည့်တော့ အိပ့်နေတယ် ။သွားကျွေးရင်လဲ သူများဝယ်တာမစားဘူးဆိုပြီး ရန်ရှာမှာကြောက်လို့ ဒီအတိုင်းပဲနေလိုက်တယ်။ခုနလေးတင်အကိုက်ခံထားရတာ သွားမကျွေးရဲဘူး။
ကျောင်းဆင်းချိန်ရောက်တော့ ခြေထောက်က ခေါက်လှဲထားတာကြောင့် ပိုနာလာတယ်။နည်းနည်းတောင်ယောင်ချင်နေတယ်။"Win ကိုယ့် အိမ်လိုက်ပို့ပေးရမလား ကားပါတယ်"
Lukeက winခြေထောက်ကို ငုံကြည့်ကာပြောတယ်။ခြေခုံဖွေးဖွေးလေးက အနည်းငယ်ရဲကာ ယောင်နေတယ်။
"ဗျာ ရတယ် win အကိုနဲပြန်ရမှာ "
"အဲဆိုလဲ ခုအောက်ဆင်းဖို့ တွဲပေးမယ် လာ"
"ဟုတ်"
Bright အဆောင်အောက်ကနေ ကြည့်ကာ ဘာကြောင့်မှန်းမသိ ဒေါသထွက်လာတယ်။ အမျိူးအမည်တပ်မရတဲ့ ခံစားချက်တွေဖြစ်လာပြီးနောက်ပိုင်း အရင်ကထက် ပိုပြီး ဒေါသထွက်လွယ်လာတယ်။တစ်ခုခုဆို အဆိုးမြင်လာတယ်။ဘယ်သူကိုမှ မျက်လုံးထဲကြည့်ရတာ အဆင်မပြေတော့ဘူး။တစ်ခါတစ်လေဆို ကိုယ်ကိုတိုင်တောင် ရူးနေပြီထင်မိတဲ့အချိန်တွေရှိတယ်။
သွားခေါ်ချင်ပေမဲ့ သူမာနအထိမခံနိုင်တာကြောင့် မျက်နှာလွဲထားတယ်။ဘာဖြစ်လို့ အဲခြေထောက်ကအဲလောက်ထိဖြစ်နေရတာလဲ။
BẠN ĐANG ĐỌC
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win