Unicode
မနက် ၃နာရီလောက်ထပြီး win ခုတင်ပေါ်ကနေဖြည်းဖြည်းချင်းဆင်းလိုက်တယ်။ခါးကိုဖက်ထားတဲ့ လက်ကိုဘေးကို အသာလေးချလိုက်တယ်။
brightကိုကြည့်တော့ အိပ့်မောကျနေတယ်။အိပ့်နေသူရဲ့ နှုတ်ခမ်းလှလှလေးကိုကြည့်ကာ ပြုံးမိတယ်။ခပ်ဖွဖွလေး ထိမိရုံလိုက် ဖိကပ်လိုက်တယ်။"ကိုကို နှုတ်ဆက်ပါတယ် မနက်ကျရင် winကို စိတ်ဆိုးမနေနဲအုံးနော်"
brightကိုကြည့်ပြီး အခန်းထဲကထွက်အသာထွက်ကာ လိုအပ်တာအကုန်ယူပြီး ဖေဖေအခန်းကိုကြည့်လိုက်တော့ အိပ့်မောကျနေတယ်။ကုတင်ဘေးကနေ ဖေဖေနဲမေမေကို ကန်တော့ကာ အသင့်စောင့်နေတဲ့ ခြံဝက ကားဆီပြေးလိုက်တယ်။
"Win ဖြေးဖြေးလာလေ လဲရင်မကောင်းဘူး"
"ဟုတ် p' မြန်မြန်မောင်းတော့".
"အင်း"
Lukeတို့နေတဲ့လေးကိုမြို့လေးကို ပြောင်းလာခဲ့တယ်။တစ်ခုခုဆို ကူညီလို့ရအောင် နီးနီးနာနာနေတာပါတယ်။ကြာရင် အဆင်ပြေသွားမှာပါ။လမ်းတစ်လျောက်လဲအတွေးမျိူးစုံနဲ ငါလုပ်တာမှန်ရဲ့လား။
ကျွန်တော်ကိုရော စိတ်ဆိုးသွားမလား။စိတ်နာသွားမလား။"Win ခနအိပ့်လိုက်နော် ကိုယ် ရောက်ရင်နိုးမယ် "
"ဟုတ်"
Luke အိမ်နားရောက်တော့ winကို သူ့လှည့်ကြည့်လိုက်တယ်။ခေါင်းလေးစောင်းပြီးအိပ့်နေတယ်။တကယ်ချစ်ဖို့ကောင်းတဲ့ ကောင်လေး။ပိုင်ဆိုင်ခွင့်မရှိပေမဲ့ သူမှာ ငေးကြည့်ခွင့်တော့ရှိတယ်မှတ်လား။
"Win ရောက်ပြီး ထတော့နော်"
လက်မောင်းလေးကို အသာလှုပ်ကာပြောလိုက်တယ်။
"ဟုတ် ရောက်ပြီးလား"
ဆံပင်စုပ်ဖွားလေးနဲ သူကို မျက်လုံးမပွင့်ဘဲပြောတယ်။
"အင်း အခန်းရောက်မှပြန်အိပ့်နော် "
"ဟုတ်"
Win အထုတ်တွေသယ်ဖို့ပြင်တော့ အကိုင်မခံဘဲ သူပဲဝင်သယ်တယ်။မဆီမဆိုင် သတိရမိပြန်ပြီး။ခုချိန်ဆို ဦးစိတ်တိုကြီး ဒေါသတွေထွက်နေလောက်ပြီးထင်တယ်။ဘာရယ်မဟုတ် ပြုံးမိပြန်တယ်။

DU LIEST GERADE
My world (Completed)
Fanfictionငယ်ငယ်တည်းက လိုချင်တာကို ရအောင်ယူတက်တယ် မင်းကိုတော့ လိုချင်တာထပ် လိုအပ်လို့ ရအောင်ယူတာ Bright ခင်ဗျားကြိုးဆွဲရာ က'နေတဲ့ဘဝကနေလွှတ်ချင််တယ် ခင်ဗျားကို မုန်းတာထက်ပိုတယ် Win