Chapter 1

1.2K 50 4
                                    

"P နေမကောင်းဘူးဆို ဘာဖြစ်တာလဲ
ခေါင်းမူးတာလား ဗိုက်အောင့်တာလား
ညဆိုရေမချိုးပါနဲ့ဆိုတာကိုဇွတ်ချိုးလိုက်လို့မလား ဘာဖြစ်တာလဲ ပြောပါဦး"

"Billkin Putthipong ရယ်ဖြေးဖြေးမေးစမ်းပါ
မင်းမေးခွန်းတွေကများလွန်းလို့ ဘယ်ကစပြီးဖြေရမလဲတောင်မသိတော့ဘူး"

"အခုဘယ်လိုဖြစ်လို့နေမကောင်းဖြစ်ရတာလဲ
အဲ့ဒါပဲဖြေ"

"ညဥ့်နက်သည်ထိဖုန်းသုံးလိုက်လို့ ခေါင်းတွေတအားထိုးကိုက်လာတာ အိပ်ပြီးတာလည်းမပျောက်သေးဘူး
Kin ငါသေတော့မှာလားမသိဘူး
ဘယ်လိုလုပ်ရမလဲ"

"ခေါင်းကိုက်ရုံနဲ့သေပါ့မလား PP KRITT ရဲ့
ဆေးရောသောက်ပြီးပြီလား။မဟုတ်သေးဘူး အစာရှိမှဆေးသောက်လို့ရမှာ ဘာမှမစားရသေးဘူးမလား။ကိုယ်အောက်ထပ်ကိုသွားပြီး
မင်းစားချင်တာလုပ်ခိုင်းလိုက်မယ်။
ဘာစားချင်လဲ P...ကဖောင်စားမလား

Kin ကကျတော်ဘာစားချင်လဲဆိုတာကအစ ဘယ်အရာတွေကိုကြိုက်တယ်မကြိုက်ဘူးဆိုတာအကုန်သိတယ်။
သိရမှာပေါ့ ကျတော့်ချစ်သူပဲဟာ။ချစ်သူမှ ခုမှစဖြစ်တဲ့ချစ်သူတွေမဟုတ်ဘူး။ဟိုးအထက်တန်းကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာ။ကျတော့်အကြိုက်တွေဒီလောက်မှမသိရင်လည်း ဖြတ်ပစ်ရုံပဲရှိတော့တယ်။တကယ်တော့ အာချောင်တာပါ။ကျတော်လည်းသူ့ကိုသိပ်ချစ်သလိုသူကလည်းကျတော့်ကိုဘယ်လောက်ချစ်လဲကျတော်သိသားပဲ။

"P   ကိုယ်မေးနေတာကိုဖြေဦးလေ ဘဘာတွေပြုံးပြီးစဥ်းစားနေတာလဲ။ဘာလဲ​ခေါင်းကိုက်လို့ပျော်နေတာလား ဟုတ်လား"

"ခေါင်းကိုက်လို့ပျော်တာဖြစ်မလား အရူးလေးရဲ့။
အဲ့ဒါပြောတာ Kin သိတာဘာရှိလဲ
ဘာမှလည်းမသိဘူး"

သူမျက်စောင်းထိုးကာပြောတော့ Billkin ကဟက်ဟက်ပက်ပက်ရယ်သည်။ထို့နောက် ပြန်ပြောလိုက်သော  စကားကြောင့် သူ့ခန္ဓာကိုယ်ထဲက လိပ်ပြာလေးတွေရုတ်တရတ်ထပျံသွားသလို ရင်တွေပါခုန်လာသည်။
သူပြောတာလည်းကြည့်ဦးလေ...

"အင်း ဟုတ်တယ် ကိုယ်ဘာမှမသိဘူး။PP Kritt ကိုတစ်နေ့ထက်တစ်နေ့ဘယ်လိုချစ်ပေးရမလဲဆိုတာပဲသိတယ်"

Every Sunset Has Perfect EndingWhere stories live. Discover now