Chapter 4

316 33 4
                                    

ဒီနေ့တော့ Kin ရဲ့အိမ်မှာ။
Schedule လည်းမရှိ၊အိမ်မှာလည်းမနေချင်၊အပြင်လည်းမသွားချင်တာမို့ Kin အိမ်ကိုပဲလာလိုက်တာ။Kin ရဲ့အိမ်ကကျွန်တော်တို့အိမ်ထက်ပိုပြီးကျယ်တယ်။ခြံကျယ်ကျယ်မှာဆောက်ထားတာကြောင့် တိုက်ကြီးဟီးနေအောင်ဆောက်ထားသော်လည်း မြေကွက်လပ်ကျန်နေတုန်းပဲ။Kin ရဲ့အိမ်မှာကားတွေအများကြီးပဲ။Kin တစ်ယောက်တည်းစီးတာကိုက 6စီးလောက်ရှိမယ်။ကား crazy Billkin Putthipong က သူ့ရဲ့ကားတွေကိုဂိုဒေါင်ထဲထိုးရင်တောင် အကွက်ကျကျထိုးတာ။အင်မတန်စေ့စပ်သူပေါ့။

ခြံထဲမှာကားရပ်ပြီး အိမ်ထဲကိုဝင်လာတော့ အပြင်သွားဟန်ပြင်နေသည့် Ma နဲ့ဆုံသည်။

"ဟယ် သား အိမ်ကိုလာတာလား။ဖုန်းကြိုဆက်တာမဟုတ်ဘူး။Ma တို့က company ကဝန်ထမ်းတွေနဲ့short trip လေးတစ်ခုသွားမလို့။သားလာမယ်မှန်းသိရင်အိမ်မှာပဲနေမှာပေါ့ကွယ်။အခုကျ Ma တို့ကသွားရဦးမယ်။သား Kin တော့အိမ်မှာကျန်ခဲ့မှာရယ်။အိမ်ထဲဝင်ပါဦးသားရယ် မတ်တပ်ကြီး"

ခေါင်းလေးငြိမ့်ပြကာ Ma ရဲ့လက်ကိုတွဲရင်းအိမ်ထဲဝင်လာတော့ လှေကားပေါ်ကဆင်းလာသော Kin အစ်ကိုလတ်နဲ့သူ့ဇနီး။

"ဟာ PP
လာလည်တာပေါ့။Kin ကအပေါ်မှာ တက်သွားလိုက်လေ"

"ဟုတ် P'
P' တို့လည်းလိုက်သွားမှာပေါ့"

"ဟုတ်တယ် PP လေးရေ။အစ်မတို့လည်း အိမ်မှာပဲနေနေရတာကြာတော့ စိတ်ပြေလက်ပျောက်လိုက်မလားလို့လေ။"

"Bear လေးရော P'
ကလေးကိုပစ်ပြီး နှစ်ယောက်ထဲသွားမလို့ပေါ့လေ"
ရယ်ကျဲကျဲလုပ်ကာပြောလိုက်တော့ အကုန်လုံးပြုံးသွားကြလေသည်။

"ဟုတ်တယ်သားရေ။ကလေးက ငယ်သေးတော့ အပြင်လည်းခေါ်မသွားစေချင်ဘူး။Kin ကလည်းအိမ်မှာကျန်ခဲ့တာဆိုတော့ ကလေးလေးကိုထားခဲ့လိုက်တာ။အခုသားလည်းလာတော့ Kin လည်းအဖော်ရသွားပြီပေါ့"

"စိတ်ချလက်ချသာသွား Ma တို့ရေ။သား ဒီနေ့ဘာမှလုပ်စရာမရှိဘူးရယ်။Ma တို့ P' တို့ပြန်လာမှ သားပြန်မှာ"

"PP လေးရေ။အစ်မတို့အကူအညီတောင်းပါတယ်ကွယ်။
သားလေးကလည်း အခု Kin နဲ့အတူအပေါ်မှာ။ကူဆော့ပေးပါဦးနော်"

Every Sunset Has Perfect EndingWhere stories live. Discover now