ဒီနေ့မှာလည်း ဆေးရုံကုတင်ထက်ဝယ် အိပ်မောကျနေတဲ့ Kin ကိုကြည့်ရင်းနိုးထရပြန်ပြီ။
အခုတလောမှာ Kin ရဲ့အခြေအနေက ပိုပြီးဆိုးလာခဲ့တယ်။စကားပြောနေရင်း မခံမရပ်နိုင်အောင် မောမောလာတာမို့ အောက်စီဂျင်အိုးကိုဘေးမှာအမြဲထားထားရတယ်။ဆရာဝန်က စကားတွေအများကြီးမပြောဖို့ Kin ကိုပြောပေမယ့် Kin ကတော့ နားမထောင်ဘဲ သူပြောချင်ရာတွေကိုတဖွဖွပြောတယ်။
ဆေးရုံအခန်းငယ်က VIP အခန်းမို့ ပုံမှန်အခန်းတွေထက်ကျယ်ပေမယ့် စိတ်ကျဉ်းကြပ်မှုကတော့ အနည်းနဲ့အများ
တော့ရှိတာပဲ။နေရောင်ခြည်ဖျဖျထွက်နေပြီမို့ ပြတင်းတံခါးကိုအသာဆွဲဖွင့်ရင်း လိုက်ကာစကိုပါဆွဲတင်လိုက်တယ်။
ပြတင်းပေါက်ကနေတစ်ဆင့် မြင်နေရတဲ့ ဆေးရုံဝင်းထဲကိုကြည့်လိုက်တော့ ဆေးရုံဝတ်စုံတွေဝတ်ထားတဲ့ လူနာအချို့ လမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်။ကလေးအရွယ်လူနာလေးတွေရှိသလို အသက်အတော်ရနေပြီဖြစ်တဲ့ လူကြီးတွေကိုလည်း နံဘေးက အကူတစ်ယောက်စီနဲ့ လမ်းလျှောက်နေတာကိုတွေ့ရတယ်။လူ့ဘဝကဒီလိုပါပဲ။
ဆေးရုံမှာပဲ စတင်ပြီး ဆေးရုံမှာပဲအဆုံးသတ်ရတယ်။
တွေးကြည့်ရင်တော့ အရာအားလုံးဟာ စိတ်ကုန်စရာတွေချည်းဆိုပေမယ့် အဲ့လိုအတွေးတွေခေါင်းထဲအချိန်ပြည့်
ရောက်မနေဖို့လည်းအရေးကြီးတယ် မဟုတ်လား။ဆေးရုံမှာ ရှိနေတဲ့အတောအတွင်း Kin ပြောတဲ့စကားတွေကြောင့်ရော အမြဲတမ်းအတွေးတစ်ခုတွေးနေလေ့ရှိတဲ့
ကိုယ့်ကိုယ်တိုင်ကြောင့်ရော အရင်လို Kin ကိုဂျီမကျဖြစ်တော့ဘူး။Kin ကသူ့ကို အမြဲတမ်းစိတ်ချမ်းသာအောင် ထားခဲ့သလိုပဲ သူကလည်း Kin စိတ်ချမ်းသာတာကိုပဲ
မြင်ချင်ပါတယ်။Kin ဘဝရဲ့လက်ကျန်အချိန်တွေမှာ
သူ့ကို Kin နောက်ဆံမတင်းအောင်ကြိုးစားမယ်။Kin အနားမှာအမြဲရှိနေပေးပြီး လိုအပ်သမျှကိုဖြည့်ဆည်းပေးမယ်။ကိုယ့်ချစ်သူတစ်ယောက်လုံး ကိုယ့်အနားကထွက်သွားမှာကို လွယ်လွယ်နဲ့လက်ခံနိုင်တယ်လို့တော့ မတွေးစေချင်ဘူး။Kin မရှိတော့မယ့် နေ့ရက်တွေအကြောင်းကို
စဉ်းစားပြီး သူ့ကိုယ်သူသတ်သေချင်စိတ်တွေပေါက်ခဲ့တဲ့ရက်တွေလည်းအများကြီးပဲ။Kin သာမရှိရင် သူပါလိုက်ပြီးသေမယ်လို့တွေးထားတဲ့ အတွေးတွေကိုလည်း Kin ကကြိုသိထားသလိုပဲ။ဘဝကို တန်ဖိုးရှိရှိဆက်လက်ရှင်သန်ဖို့၊သူမရှိလည်း ပျော်အောင်နေသွားဖို့ အမြဲတမ်းမှာလေ့ရှိတယ်။
YOU ARE READING
Every Sunset Has Perfect Ending
Fanfictionငါက နေကြာ။ မင်းရှိရာအရပ်ကိုပဲလှည့်ပြီး ပွင့်တတ်တဲ့ မင်းရဲ့နေကြာ။ ငါက နေကြာ။ ဒါပေမယ့် နေရောင်ခြည်မလိုအပ်ဘူး။ အစွမ်းကုန်ပွင့်လန်းနိုင်ဖို့ Billkin Putthipong တစ်ယောက်ပဲ လိုအပ်တယ်။