Chapter 12

263 24 10
                                    

Billkin တစ်ယောက် စိတ်မဆိုးစဖူး
စိတ်ဆိုးနေတာကြောင့် PP မှာအိမ်တောင်မပြန်နိုင်ရှာဘဲ ချော့နေရတယ်။

ချော့တယ်သာပြောရတာပါ သူဘာပြောပြော Kin ကဘာမှပြန်မပြော။သူ့ကိုလည်းကြည့်မနေသလို သူပြောနေတာတွေကိုလည်း စိတ်ထဲမှာရောက်နေမှာမဟုတ်ဘူး။
မတတ်နိုင်ဘူးလေ ကိုယ့်အပြစ်နဲ့ကိုယ်ပဲမလား။

တကယ်ဆို သူလည်းမမှားဘူးလေ
သူတို့နှစ်ယောက်ချစ်နေကြတာကို ခဏလေးပဲဖုံးထားချင်တာပါ။အခုခေတ်ကလူတွေအကြောင်းလည်းသိရက်သားနဲ့။
တခုခုအသံထွက်လာရင် အောက်ဆုံးထိရောက်အောင်ဆွဲချတတ်ကြတာလေ။ဒါကြောင့်မို့ ဒီ့ထက်ပိုပြီး အချိန်
ပိစိလေးရောက်မှ အကုန်လုံးကိုဝန်ခံချင်တာ။

အခုတော့ ကြည့်ပါဦး။
Kin ရဲ့ ကုတင်ပေါ်နှစ်ယောက်သားထိုင်နေပြီး Kin က ဂိမ်းဆော့နေတယ်။သူကတော့ ဘေးကနေဒီတိုင်းလေး ကြည့်နေရတယ်။

"ညစာအတွက်ပြင်ပြီးပြီနော် Kin ရော PP ရောဆင်းလာစားတော့"

အောက်ထပ်က Ma ကလှမ်းအော်တာကြောင့်
'ဟုတ်' လို့သာပြန်ပြီးအသံပေးလိုက်ရတယ်။သူ့ဘေးက Kin
ကတော့ မလှုပ်မယှက်။

ခဏကြာမှ Kin ကအောက်ထပ်ကိုဆင်းဖို့ပြင်တာကြောင့်
သူ့နောက်ကနေ တိတ်တိတ်လေးလိုက်ရတယ်။
အရင်လို ထမင်းစားဖို့ဆင်းရင် ပျော်ပြီး ခြေသံတဒုန်းဒုန်းနဲ့
သွားဖို့ကအဝေးကြီး။
ခြေလေးကိုဖော့ပြီးလျှောက်ကာ ရှေ့က Kin ရဲ့အကျီစကို
ဆွဲလိုက်တော့ မျက်ထောင့်နီကြီးနဲ့ပြန်ကြည့်တာမို့ ကိုင်ထားတဲ့အကျီစလေးကိုလွှတ်လိုက်ရတော့တယ်။

ထမင်းစားပွဲရောက်တော့ Kin တို့မိသားစုအစုံအလင်ထိုင်နေကြသည်။Bear လေးကိုလည်း ထမင်းစားပွဲဘေးက ထိုင်ကွင်းလေးထဲမှာ ထည့်ထားတာမို့ ကလေးငယ်ရဲ့အသံလေးက
တစ်ချက်တစ်ချက်မှာထွက်လာတယ်။
ထိုင်နေတဲ့လူတွေအကုန်ကိုပြုံးပြပြီး Kin ရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။ဒီမနက်ခင်းကသတင်းကို အားလုံးသိပြီးလောက်ပြီဖြစ်ပေမယ့် တစ်ယောက်မှစကားမဟကြ။
အဲ့အတွက် နေရတာတော့သက်တောင့်သက်သာရှိတာပေါ့။

ထမင်းအဖြူတွေပဲရှိသေးသည့် Kin ပန်းကန်ထဲကို
ဟင်းတွေခပ်ထည့်ပေးတော့ လူကြီးတွေကပြုံးစိစိဖြစ်နေပေမယ့် Kin ကတော့ လှည့်တောင်မကြည့်။

Every Sunset Has Perfect EndingWhere stories live. Discover now