Chapter 13

244 24 9
                                    

အတိတ်တွေကို ပြန်လည်တူးဆွကြည့်မိတော့ အမှတ်တရတွေဟာအများသား...။

အထက်တန်းအရွယ်မှာတုန်းက crush ရတဲ့သူလည်းရှိခဲ့ဖူးတယ်။ချစ်သူအနေနဲ့လည်းတွဲခဲ့တဲ့သူတွေရှိခဲ့ဖူးတယ်။
ဒါပေမယ့် သူငယ်ချင်းတွေကိုတောင် အလုံးစုံပြောမပြဖြစ်ခဲ့ပါဘူး။လူငယ်သဘာဝအရ ချစ်ချင်ကြိုက်ချင်ကြတာ မဆန်းဘူးမလား။

နောက်တော့ အထက်တန်းရဲ့နောက်ဆုံးနှစ်မှာ ကောင်လေးတစ်ယောက်နဲ့ဆုံဖြစ်ခဲ့တယ်။နှစ်တွေအကြာကြီးလက်တွဲပြီးတော့ အောင်မြင်တဲ့ခရီးတစ်ခုကိုလည်းအတူတူလျှောက်လှမ်းချင်ခဲ့ဖူးတယ်။အဲ့အိပ်မက်တွေဟာ
လက်တွေ့မှာ တကယ်ဖြစ်လာတော့ အတိုင်းမသိပျော်ရွှင်ရတယ်။သူအနားမှာရှိနေပြီပဲ ဘာကိုကြောက်ရဦးမှာလဲ။

ငါ့ဘဝကရိုးရှင်းတယ်။
မင်းနဲ့ပဲအချိန်အကြာကြီးလက်တွဲချင်တဲ့ဆန္ဒတစ်ခုပဲရှိတယ်။

လောလောဆယ်မှာတော့
"ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသားနှစ်ယောက်၏ရှည်ကြာလှတဲ့အချစ်ခရီး"ဆိုတဲ့ခေါင်းစဉ်နဲ့အတူ သူတို့နှစ်ယောက်အကြောင်းဟာ ပွက်လောရိုက်နေပါတယ်။

ဘယ်လိုဝေဖန်မှုတွေရှိလာပါစေ...
မင်းသာငါ့အနားမှာရှိရင် အရာရာရင်ဆိုင်ရဲတယ် Kin

ဓာတ်ပုံထဲက တစ်ယောက်ကိုတစ်ယောက်ဖက်ထားတဲ့ကောင်လေးနှစ်ယောက်ရဲ့အပြုံးတွေက တောက်ပနေသလို ထိုဓာတ်ပုံလေးကိုတယုတယ စိုက်ကြည့်နေတဲ့
ကောင်လေးရဲ့မျက်နှာသည်လည်း ပြုံးယောင်သန်းနေခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~

"Congratulations ငါ့ကောင်တို့
အခုတော့ မင်းတို့အချစ်ရေးကိုလူတွေအကုန်သိသွားပြီပေါ့ကွာ"

"ဒါပေါ့ ဂုဏ်ပြုရမှာပေါ့"

"ကိစ္စကတော့ အကြီးအကျယ်ပဲကွာ
ကြားကြားချင်း ငါဆိုလန့်တောင်လန့်တယ်။
ဒီလိုမျိုးရုတ်တရတ်ချပြလိုက်လိမ့်မယ်လို့ ထင်မှ
မထားခဲ့တာကိုး"

သူတို့အချစ်ရေးကို public ဖွင့်ပြလိုက်ပြီမို့
ဂုဏ်ပြုတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သူငယ်ချင်းတွေက bar ကိုခေါ်လို့ ရောက်နေရခြင်း။အရင်လိုပါပဲ Kin ရဲ့သူငယ်ချင်းတွေရော သူ့သူငယ်ချင်းတွေရော အစုံပါပဲ။
ငယ်ငယ်က လာခဲ့ဖူးတဲ့ bar ကိုရောက်နေတာမို့
ကျောင်းသားဘဝက ခံစားချက်ကိုတောင်ပြန်ရသွားသလိုပဲ။

Every Sunset Has Perfect EndingWhere stories live. Discover now