Chapter 7

249 21 4
                                    

အခု ဂျပန်ကိုပျံသန်းတော့မယ့် လေယာဉ်ပေါ်မှာ။

မကြာသေးခင်အချိန်ကပဲ P နဲ့ဖုန်းပြောဖြစ်ခဲ့သေးတယ်။
တစ်ခါမှ ဒီလောက်အကြာကြီးခရီးမထွက်ဖူးတော့မသွားခင်ကပင် လွမ်းနေသော ကိုယ့်စိတ်ကိုအံ့ဩရတယ်။သူ့ဘဝမှာ PP မရှိလို့မဖြစ်တော့ဘူးပဲ။

လေယာဉ်ပေါ်မှာ ဖုန်းသုံးခွင့်မရှိတာမို့ သူနဲ့ PP အကြောင်းကိုသာ တွေးရင်းလိုက်ပါလာရတော့တယ်။

PP နဲ့သူက tutoring class မှာစပြီးတွေ့ခဲ့ကြတာ။
‌အဲ့ class မှာကတည်းက PP က လူသိများတယ်။
ရုပ်ချောတာရော ပေါင်းသင်းဆက်ဆံရေးကောင်းတာတွေကြောင့်ရော လူချစ်လူခင်ပေါတယ်။

ကျွန်တော်ကလည်း စတတ်နောက်တတ်တဲ့သူဖြစ်တာမို့အပေါင်းအသင်းများတယ်။class မှာ လူသိများတဲ့သူတွေဖြစ်တာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ခင်ချင်ပေမယ့် ဘယ်သူစခေါ်မလဲဆိုတာပဲတွေးနေကြတယ်ထင်ပါတယ်။အမှန်တိုင်းပြောရရင် ကျွန်တော်ကစပြီး
မိတ်ဆက်တာမျိုးတွေမလုပ်ချင်ဘူး။ဒါပေမယ့် အရမ်းရင်းနှီးချင်လာတဲ့အခါမှာတော့ ကျွန်တော်ကပဲ အလျှော့ပေးပြီး မိတ်ဆက်လိုက်ရပါတော့တယ်။

"မနေ့ကပေးလိုက်တဲ့ အိမ်စာတွေလုပ်ပြီးရင် စားပွဲပေါ်မှာ စာအုပ်လာထပ်ပေးပါ။လူများတာမို့ တစ်သုတ်ချင်းပဲခွဲပြီး စစ်မယ်။အခုတစ်သုတ်က အယောက်နှစ်ဆယ်ရဲ့စာအုပ်ပဲဆရာမစစ်မယ်။ကျန်တာကတော့ နောက်တစ်သုတ်မှပေါ့။နောက်တစ်သုတ်‌ရောက်မယ့်အချိန်ဆို
အိမ်စာတွေပိုများလာမှာမို့ ဒီတစ်သုတ်ထဲပါလာအောင်မြန်မြန်စာအုပ်လာထပ်ကြ"

စကားပြောပြီး ဆရာမအပြင်ထွက်သွားသည်နှင့်
ကျောင်းသားများမှာသူ့ထက်ငါအပြိုင်စာအုပ်ထပ်ကြလေသည်။

ကျွန်တော်က အဲ့အခန်းရဲ့အခန်းခေါင်းဆောင်လိုဖြစ်နေတာမို့ ဒီစာအုပ်တွေကိုဆရာမဆီပို့ပေးရမည်ဖြစ်သည်။
နောက်ဆရာ မလာခင် ဆရာနားနေခန်းကိုပို့ပေးရမှာမို့ကျွန်တော့်စာအုပ်ကိုနောက်ဆုံးမှထပ်ကာ ယူသွားမည်ဖြစ်သည်။အခုလည်း စာအုပ်က 19 အုပ်ရှိပြီမို့ကျွန်တော့်စာအုပ်ကိုထပ်မည်ပြုလိုက်လေသည်။အဲ့အချိန်မှာပဲ ကျွန်တော်နဲ့လုံးဝမခင်သေးတဲ့ကောင်လေးရောက်လာပြီး

Every Sunset Has Perfect EndingWhere stories live. Discover now