Chapter 6

273 26 0
                                    

နေလည်းမပူ ကောင်းကင်ပြင်တစ်ခုလုံးလည်း ကြည်လင်နေတဲ့နေ့မို့ picnic အသေးစားလေးထွက်ဖို့စီစဉ်ခဲ့ကြပြန်သည်။ကားနဲ့အပြင်ထွက်ရတာ ငြီးငွေ့နေသူနှစ်ယောက်အတွက် စက်ဘီးလေးနှစ်စီးဖြင့် အပြင်ထွက်ကာ အပန်းဖြေကြမည်ဖြစ်သည်။

သွားမယ့်နေရာကိုရွေးတော့လည်း နေကြာပန်းခင်းကြီးဆီလိုက်ပို့ပေးပါလို့ တောင်းဆိုဖူးတဲ့သူကြောင့်အိမ်နဲ့အရမ်းကြီးမဝေးတဲ့ နေကြာပန်းခင်းကြီးဆီ သွားကြမည်ဖြစ်သည်။ဒီအချိန်က နေကြာတွေငွားငွားစွင့်စွင့်ပွင့်ကြမယ့် အချိန်ကောင်းလည်းဖြစ်နေသည်လေ။

ဒီတစ်ကြိမ်မှာတော့ သူ့အိမ်ကို PP ကိုယ်တိုင်ရောက်ချလာပါသည်။စက်ဘီးကတော့ သူ့အိမ်မှာရှိတာမို့ ကောင်ငယ်လေးက ကားမောင်းပြီးရောက်ချလာတာပဲ။အင်း.... အပြင်ထွက်ရမှာကို အကျီလက်ရှည်ထပ်ဝတ်မလာဘူးကွာ။PP ရဲ့အသားအရေက ထိရက်စရာမရှိအောင် နူးညံ့လွန်းတယ်။အဝတ်ဖြူလွလွလေးသာဝတ်ထားရင် အသားရောင်နဲ့တစ်ထပ်တည်းပဲ။
Sun cream လိမ်းဖို့ကျန်ခဲ့တဲ့နေရာရှိရင်တောင် အဲ့နေရာက နေလောင်ပြီးနီရဲကျန်နေခဲ့တော့တာ။

"Kin အားလုံးအဆင်သင့်ဖြစ်ပြီလား"

စကားလည်းပြောရင်း အိမ်ထဲကိုဝင်လာတဲ့ အကောင်ပေါက်လေးဟာ အဝါနဲ့အဖြူစင်းတွေပါတဲ့ တီရှပ်လေးရယ် ဂျင်းဘောင်းဘီဒူးဖုံးလေးရယ် ဝတ်ထားတယ်။ဘယ်အချိန်ကြည့်ကြည့် ကလေးဆန်နေတော့တာပါပဲ။
တခြားသူတွေနဲ့ဆို ရင့်ကျက်သလောက် သူနဲ့တွေ့ရင်အလိုလို ကလေးဆန်သွားတော့တာပဲ။

"အားလုံးအဆင်သင့်ပါပဲဗျာ"

"အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ Kin....
နေမပူခင် သွားရအောင်"

"ခဏလေး P
ခဏစောင့်နေဦးနော်"

အပေါ်ထပ်ကို အပြေးတက်သွားသော Kin ကျောပြင်ကိုကြည့်ပြီး လှေကားရင်းမှာပဲရပ်စောင့်နေလိုက်တော့တယ်။မကြာပါဘူး သူ့လက်ထဲက အပေါ်ဝတ်လက်ရှည်အဖြူရောင်လေးကို ကျွန်တော့်ဆီကမ်းပေးလာတယ်။

သူပေးလို့ ယူထားရ‌သော အကျီအဖြူလေးကို ကိုင်ရင်းနားမလည်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေလိုက်တော့

Every Sunset Has Perfect EndingWhere stories live. Discover now