Chapter 8

240 27 4
                                    

"Mr.Kin ဘက်က အမြတ်ကို ရာခိုင်နှုန်းဘယ်လောက်ယူဖို့စဉ်းစားထားလဲ"

"ကျွန်တော်တို့ဘက်က ရင်းထားရတဲ့အရာတွေပိုများတယ်ဆိုတာ Mr.Henry တို့လည်းသိမှာပါ။ဆိုင်ခွဲကိစ္စ ပြီးတော့ အခုဒီကုန်ပစ္စည်းကိစ္စ
အရာအားလုံးကို အလေအလွင့်မရှိအောင် အသေးအမွှားကအစ ကျွန်တော်ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်။အင်း... အမြတ်ကိုတော့
တစ်ဝက်စီမဟုတ်ဘဲ 65%လောက်တော့မျှော်မှန်းထားပါတယ်"

"ကျွန်တော်တို့ဘက်ကတော့ အစပိုင်းမှာ တစ်ဝက်နှုန်းကျော်ကျော်လို့ပဲ သတ်မှတ်ပြီး စာချုပ်ချုပ်ခဲ့တာပါ"

"ကျွန်တော့်ကို တီလေးကပြောပါတယ်။ဒါမယ့် သေချာစဉ်းစားကြည့်ရင် အခုဆိုင်ခွဲ
ဆောက်လုပ်ခတွေ၊ ပစ္စည်းရဲ့ သုံးပုံနှစ်ပုံက ကျွန်တော်တို့ရဲ့စိုက်ငွေတွေပါပဲ။Mr. တို့ဘက်က တာဝန်ယူခဲ့ခြင်းမရှိသလို အစည်းအဝေးတစ်ချို့ကိုလည်း မတက်ရောက်ခဲ့ပါဘူး"

"အစည်းအဝေးလုပ်တဲ့အချိန်တွေက ကျွန်တော့်ရဲ့ အလုပ်တွေနဲ့တိုက်နေလို့ မလာရောက်နိုင်ခဲ့တာပါ Mr.Kin"

"အင်း...ကျွန်တော်ဆိုရင် Thai ကနေတောင်ဒီကိုလာပြီး ကြီးကြပ်နေတာ တစ်လပြည့်တော့မယ်ဗျ။ဆိုင်ခွဲကိစ္စကို သုံးပတ်နဲ့အပြီးသတ်ပြီး
ကျန်တစ်ပတ်မှာ ကြော်ငြာရိုက်ဖို့ စီစဉ်ထားခဲ့တယ်။အခု အပြီးသတ်မယ့်အချိန်မှာ Mr. တို့ဘက်က လာပြီးကန့်ကွက်သလိုပြောနေတော့ ကျွန်တော့်အတွက်လည်းအဆင်မပြေပါဘူး"

"ဒါ စီးပွားရေးလုပ်နေတာပါ Mr.Kin...
လုပ်ငန်းတစ်ခုပြီးဖို့ ဘယ်လောက်ကြာမလဲဆိုတာက ခန့်မှန်းထားရုံသပ်သပ်ပါ။အတိအကျရယ်လို့မဟုတ်ပါဘူး"

"ကျွန်တော်လည်း ပြောပါရစေ
ဒါ စီးပွားရေးလုပ်နေတာပါ Mr.Henry
အချိန်ကိုမလေးစားတာ ရှယ်ယာရှင်တစ်ယောက်အနေနဲ့ အစည်းအဝေးတွေမတက်တာ ဒါတွေကပြောစရာဖြစ်လာပါတယ်။ပြီးတော့ လုပ်ငန်း
တစ်ခုပြီးသင့်တဲ့ အချိန်မှာ မပြီးအောင် ကန့်ကွက်နေတာ အဲ့ဒါတွေက
Mr. တို့ဘက်က လုပ်ခဲ့တာပါ"

"Mr.Kin က လည်လည်ဝယ်ဝယ်တော့ရှိသားပဲ။
ကဲ ထားပါ မျက်နှာမပျက်ချင်တာမို့ 65%မဟုတ်ဘဲ 60%လောက်ယူလိုက်ပါ။ကျွန်တော်တစ်ထစ်လျှော့တာမို့ Mr.Kin လည်းတစ်ထစ်လျှော့ပေးပါ"

Every Sunset Has Perfect EndingWhere stories live. Discover now