Chapter 25

247 27 9
                                    

2022 ခုနှစ် January 13 ရက်။

ညနေစောင်းကြီးမှာ တစ်နေရာကိုသွားစရာရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့အတူ သူ့အိမ်ကို Billkin Putthipong တစ်ယောက်ရောက်နေတာဖြစ်သည်။

အစကတော့ ငြင်းဦးမလို့ပါပဲ။
ဒါပေမယ့် သူနဲ့အရင်လိုစိတ်ကောက်မနေချင်တော့တာရော၊ပြေလည်ဖို့ကြိုးစားနေသူကို သူ့ဘက်က ချိုးချိုးနှိမ်နှိမ်လုပ်ဖို့မသင့်တော်တာရောကြောင့် လက်ခံပေးလိုက်တယ်။

ကားတံခါးကို အဆင်သင့်ဖွင့်ပေးထားတဲ့သူကြောင့်
Lover seat နေရာမှာ အလိုက်သင့်ဝင်ထိုင်လိုက်တယ်။

"P...ထိုင်ရတာအဆင်ပြေလား"

"ပြေပါတယ် ဘာဖြစ်လို့လဲ"

"အဲ့နေရာက ကိုယ့်ရဲ့ကားပေါ် P နောက်ဆုံးတစ်ခေါက်ကထိုင်သွားတုန်းကအတိုင်းပဲ။P က နောက်ကိုမှီရတာကြိုက်တာမို့ ခုံကိုနောက်ကိုနည်းနည်းတိုးပေးထားတာလေ။
အခုထိ မပြောင်းရသေးဘူး။သဘောက Lover seat ဆိုတဲ့နေရာက မင်းတစ်ယောက်ထဲထိုင်ဖို့။ဘယ်သူ့ကိုမှ
အဲ့နေရာကို ကိုယ်ပေးမထိုင်ခဲ့ဘူး။အရင်ကရော အခုရော နောင်ရော lover seat ဆိုတဲ့နေရာမှာရော ငါ့ရင်ထဲမှာရော မင်းတစ်ယောက်ပဲရှိနေမှာ"

"အဲ့လိုပြောလိုက်ရုံနဲ့ မင်းရှာခဲ့တဲ့ပြသာနာတွေကို
ငါခွင့်မလွှတ်သေးဘူးနော်"

"ကိုယ်နားလည်ပါတယ်။
မနေ့က P မေးတဲ့‌မေးခွန်းတွေအားလုံး ကိုယ်ဒီနေ့အကုန်ဖြေပေးမယ်"

"အိုကေလေ"

ကားမမောင်းခင် အဲကွန်းကို အတိုးအလျော့လုပ်ပေးနေသူကို ကြည့်မိလိုက်တော့ သူ့ကိုပြန်လည်ပြုံးပြီးကြည့်လာပါသည်။အရင်အချိန်တွေက Billkin Putthipong သူ့ဆီကိုပြန်ရောက်လာသလိုပါပဲလား။

နေကြာပန်းခင်းကြီးဆီခေါ်သွားမလား ဒါမှမဟုတ် တခြားနေရာတစ်ခုခုမှာများလားဆိုပြီး သူမျိုးစုံတွေးနေပေမယ့်
Kin က သူတွေးမထားတဲ့ လမ်းတွေပေါ်မှာမောင်းနေတာ။

"မင်း ငါ့ကိုဘယ်ကိုခေါ်လာတာလဲ"

"ကိုယ်တို့အချစ်တွေကို စတင်ဖြိုခွဲခဲ့တဲ့နေရာဆီကို"

Every Sunset Has Perfect EndingWhere stories live. Discover now