Chapter 18

221 25 8
                                    

"Hanna
ငါနဲ့ခဏလောက်စကားပြောမလား"

"ကိုကို ကလည်းသူစိမ်းတွေကျနေတာပဲ။
စကားလေးပြောတာကို ပလ္လင်တွေခံစရာမလိုပါဘူး"

"နင် ဘာတွေလုပ်နေတာလဲ"

အပြစ်တင်တဲ့လေသံနဲ့ပြောနေတဲ့ အစ်ကိုအရင်းဖြစ်သူကြောင့် ဖတ်လက်စ မဂ္ဂဇင်းကိုဘေးချပြီး မျက်နှာကိုတည့်တည့်စိုက်ကြည့်လိုက်တယ်။

"ကိုကိုက ဘာကိုပြောချင်တာလဲ"

"နင် ဘာလို့ billkin တို့အတွဲကို schedule တွေခွဲလိုက်တာလဲ အဲ့ဒါကိုမေးနေတာ"

"ညီမလေးက အကုန်လုံးကောင်းဖို့ကိုလုပ်နေတာ
သူတို့အတွက်လည်းအဆင်ပြေအောင် ညီမတို့အတွက်လည်း အဆင်ပြေအောင်"

"နင်လုပ်နေတာ နင်အဆင်ပြေအောင်ပဲလေ။
အေဂျင်စီမှာ BL series မရိုက်တော့ဘူးလို့နင်ဘာလို့ပြောသေးလဲ"

"ကိုကို့ကို ဘယ်သူကပြောတာလဲ"

"ဘယ်သူပြောပြောပါ
နင်ငါ့ကိုဘာတစ်ခုမှမတိုင်ပင်ဘဲ ဘာလို့ နင်လုပ်ချင်ရာတွေလုပ်နေရတာလဲ။ကိုယ့် image ကိုငဲ့ဦး"

"ကိုကိုနဲ့ အေဂျင်စီနဲ့မှမဆိုင်တော့တာ
ညီမလေး U.S ကပြန်လာရင် စီအီးအိုရာထူးလွှဲပေးမယ်လို့
Daddy ကပြောပြီးသားလေ။အခုမှ ကိုကိုကအဲ့နေရာကို
ပေးလိုက်ရလို့မကျေမနပ်ဖြစ်နေတာလား"

"မ‌ကျေနပ်စရာအကြောင်းလုံးဝကိုမရှိတာ။
နင်ပြန်လာရင် နင့်ကိုလုပ်ငန်းသဘောကိုနားလည်အောင် အရင်သင်ပြပြီးမှလွှဲပေးဖို့စီစဥ်ခဲ့တာ။အခုလို ဗြုန်းစားကြီး
Daddy ကနင့်ကိုလွှဲပေးမယ်လို့လည်းငါမထင်ထားဘူး"

"ညီမလေးက အရင်ကတည်းက ကိုကို့အေဂျင်စီအတွက်
ဟိုကနေပွဲတွေစီစဥ်ပေးဖူးပါတယ်။ညီမလေးကလုပ်တတ်ပြီးသား။အခုဟာလည်း တခြားအေဂျင်စီတွေ BL ဘက်လှည့်နေတုန်း Normal ကိုပိုပြီးအောင်မြင်အောင်လုပ်ချင်တာ"

"အေး အဲ့ဒါဆိုလည်းသူ့ဟာသူရှိနေတဲ့ schedule တွေကို
နင်ခွဲပစ်စရာလား။ပွဲတွေကလက်ခံပြီးသားတွေ နင်ကအေဂျင်စီနာမည်ပျက်အောင်လုပ်နေတာ။ငါခက်ခက်ခဲခဲ
တည်ထောင်ထားတဲ့ အလုပ်ကိုနင့်လက်ထက်ကျမှ ဆွဲချဖို့မကြိုးစားနဲ့"

Every Sunset Has Perfect EndingWhere stories live. Discover now