Chapter 35 (Finale)

535 30 18
                                    

ဒီနေ့ရောက်လာတဲ့ နောက်ဆုံးစာလေးမှာတော့
စာအိတ်လေးက အရင်စာအိတ်တွေလို
အညိုရောင်လေး ဟုတ်မနေခဲ့။

စာအိတ်လေးက အပြာရောင်...။
ပြီးတော့ စာအိတ်လေးရဲ့အစွန်းမှာလည်း
Cookie Monster လေးသာရှိနေခဲ့တယ်။

စာအိတ်လေးကို ဖွင့်ဖတ်ကြည့်လိုက်တော့
နေကြာပန်းခြောက်လေးတစ်ခု အရင်ထွက်လာတယ်။

စာရွက်လေးဟာလည်း အပြာရောင်။
ပြီးတော့ ရေးထားတဲ့ မင်ဟာလည်း အပြာရောင်။

စာလေးကို ဖတ်ကြည့်လိုက်တော့....

'Dear My Love,

ဒီစာလေးဟာ အချစ်ဆီကိုပေးပို့မယ့် ကိုယ့်ရဲ့
နောက်ဆုံးစာလေး ဖြစ်လိမ့်မယ်။

ဒီစာကို မင်းလေး ဖွင့်ဖတ်နေချိန်မှာတော့
ကိုယ်ဟာ မင်းရဲ့အနားမှာမရှိတော့တာ ရက်ပေါင်း 365 ရက်ကိုကျော်လွန်လာလောက်ပြီပေါ့။

ချစ်ခြင်းတွေနဲ့ဖွဲ့သီပြီးရေးသားခဲ့တဲ့စာတွေဟာ
မင်းလေးရဲ့ လွမ်းဆွေးမှုတွေကို အနည်းငယ်မျှ
‌ဖြေဖျောက်ပေးနိုင်တယ်ဆိုရင်ပဲ ကိုယ်ကျေနပ်ပါပြီ။

P ဟာ ကိုယ့်အတွက်အချစ်ဦးဖြစ်ခဲ့သလို
နောက်ဆုံးအချစ်လည်းဖြစ်ခဲ့ပါတယ်။
တစ်ဘဝလုံးစာလုံး ကာကွယ်စောင့်ရှောက်ပေးချင်ခဲ့တဲ့ ဘဝလက်တွဲဖော်တစ်ယောက်ဆိုတဲ့
အမည်နာမကိုလည်း P ဟာရယူနိုင်ခဲ့ပါတယ်။

ချစ်ခြင်းတရားဟာ ဘယ်နေရာမှာအဆုံးသတ်သလဲ။
ကိုယ်ကတော့ P ရဲ့မျက်ဝန်းတွေကိုကြည့်ခြင်း
အားဖြင့် အဆုံးသတ်တယ်။

အဓိပ္ပါယ်တွေဘယ်လောက်ပဲဖွင့်ပါစေ။
ကိုယ်ဟာ P ကိုကိုယ့်အသက်မက မြတ်နိုးတယ်
ဆိုတာ P သိပြီးသား မဟုတ်လား။

ဒီစာလေးကို ဖတ်ပြီးရင်
နောက်ထပ်မတွေ့ရတော့မယ့် လူတစ်ယောက်ကို
လွမ်းလာရင်ဖြစ်စေ၊ရောက်ရှိမလာတော့မယ့်
စာစောင်လေးတွေကို လွမ်းဆွတ်လို့ပဲဖြစ်စေ
တစ်ကြိမ်လောက် အားရပါးရငိုပြီးရင် အတိတ်ရဲ့
အရာအားလုံးကို ကျောခိုင်းလိုက်ပါ။
ပြီးရင် ရှေ့ဆက်လျှောက်ရမယ့်အနာဂတ်ခရီး
တွေမှာ P သဘောကျတဲ့အရာတွေကိုပြုလုပ်ရင်း
ပျော်ရွှင်စွာဖြတ်သန်းပါ။

Every Sunset Has Perfect EndingWhere stories live. Discover now