Chapter 3

371 37 5
                                    

ဒီနေ့က PP နဲ့အတူတက်ရမယ့် schedule တစ်ခုရှိတာကြောင့် PP အိမ်ကိုသွားပြီး PP ကိုဝင်ခေါ်ကာ အဝတ်အစားတွေပြင်ပေးမည့် P'Plern ဆီသွားရမည်ဖြစ်သည်။မန်နေဂျာအစ်ကိုက မနက်ခြောက်နာရီကတည်းက နှိုးကာ ပြင်ဆင်ခိုင်းထားသောကြောင့်
အခုခြောက်နာရီခွဲမှာ PP အိမ်ကိုသွားဖို့ကားပေါ်ကိုရောက်နေပြီဖြစ်သည်။PP နဲ့ကျွန်တော့်အိမ်မှာ 50km လောက်ဝေးသော်လည်းschedule ရှိတိုင်း PP ကိုတစ်ဆင့်ဝင်ခေါ်မြဲသာဖြစ်သည်။

ကားပေါ်မတက်ခင် ကိုယ်တိုင်ဖျော်ထားသည့် drip coffee ကိုလည်းမမေ့လျော့အောင်ယူလာရသေးသည်။
နှစ်ယောက်အတူအလုပ်ရှိတိုင်း PP က ကျွန်တော် drip ထားတဲ့ coffee ကိုသောက်ရမှကျေနပ်တတ်သူပင်။
တစ်နေ့တာလုံး လန်းဆန်းစွာအလုပ်လုပ်နိုင်ရန်အတွက်
Coffee ကောင်းကောင်းတစ်ခွက်တော့ သောက်မှရမည်။

ကားစက်နှိုးကာ PP အိမ်သို့သွားရတော့သည်။
တစ်ဖက်ကကားမောင်းရင်းလည်း ဖုန်းဆက်ကာ PP ကိုနှိုးရသေးသည်။အဲ့ကောင်လေးဟာ အိပ်ရေးမက်သောသူဖြစ်တာကြောင့် အလုပ်ရှိရင်တောင်သူမနှိုးမချင်းမထတတ်။နောက်ကျမှာစိုးရိမ်သဖြင့် ဖုန်းအရင်ဆက်ကာကြိုတင်နှိုးရလေသည်။

"Hello
Good morning P....
ကိုယ့်အချစ်လေး အိပ်ရာကထပြီးမျက်နှာသစ်အဝတ်လဲထားတော့နော်။ကိုယ်အခု ဘေဘီ့အိမ်ကိုလာနေပြီ"

"Kin ကလည်းစောပါသေးတယ်"

ဟော ကြည့်။အတွန့်ကတက်လိုက်ရမှ။

"မစောတော့ပါဘူး P ရဲ့။ထပြီးလုပ်စရာရှိတာလုပ်ထားတော့နော်။ကိုယ်လာနေပြီ"

"အင်းးး။ ဝှါးး"

"သန်းနေသေးတာလား။မရဘူးနော် P
ပြန်အိပ်မနေနဲ့ဦး"

"မအိပ်ပါဘူးဆို ထပြီ ထပြီ အခုထပြီနော်"
မကျေမနပ် စူအောင့်ကာပြောသေးသည်။သေချာတယ်
အပြင်မှာတော့ နှုတ်ခမ်းဆူကာဒေါသထွက်နေတော့မယ်ဆိုတာ။

"ချစ်တယ် P
အဲ့ဒါဆိုဒါပဲနော်"

"ဒါပဲ ဒါပဲ ဟွန့်"

ဟွန့် ဆိုတဲ့အသံကပါလိုက်သေးသည်။ဒီကောင်လေး
တော်တော်ဆိုးနေတာပဲ။တွေ့မှ ဆုံးမရပါဦးမယ်။

Every Sunset Has Perfect EndingWhere stories live. Discover now