Chapter 9

244 23 4
                                    

ဒီနေ့က အပြန်ခရီးဖြစ်တာမို့ ရင်တွေလည်းခုန်ရသလို ပျော်လည်းပျော်ရသည်။

တစ်မနက်ခင်းလုံး PP ဆီမဆက်သွယ်ခဲ့တာ အခုလေယာဉ်ပေါ်ရောက်သည်အထိပဲ။သူပြန်ရောက်လာတာကို PP သာသိရင် တော်တော်လေး အံ့ဩသွားမယ်ထင်တယ်။

"Sir ဖုန်းလေးတစ်ချက်လောက်ပိတ်ပေးပါရှင်။
လေယာဉ်ပျံသန်းတော့မယ့်အချိန်ရောက်ပြီမို့ပါ။ကျေးဇူးတင်ပါတယ်ရှင်"

ဖုန်းထဲက PP နဲ့သူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို
ကြည့်နေတုန်းရှိသေး လေယာဉ်‌မယ်လေးပြောတဲ့စကားကြောင့် အရှက်ပြေတစ်ချက်ရယ်ပြလိုက်ကာ ဖုန်းကိုသိမ်းလိုက်ရတော့တယ်။
Billkin Putthipong က အဲ့လိုလူပါဆို။
PP Krit နဲ့ပက်သက်ရင် တစ်လောကလုံးကို မေ့ထားတော့တာပဲ။

Thai လေဆိပ်ကိုရောက်တော့ ဦးထုပ်တွေဆောင်း mask တွေတပ်နဲ့အလုပ်ရှုပ်ရသေးတယ်။တော်ကြာ သူ့ကိုမှတ်မိလို့ ပရိသတ်တွေက ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်နေမှ PP ကို surprise လုပ်မယ့်အစီစဉ်တွေပျက်သွားရပါဦးမယ်။Ma တို့လာကြိုရင်တောင် သိသာမှာစိုးလို့
ဘယ်သူ့ကိုမှ လာမကြိုခိုင်းခဲ့တာပဲ။

ဒီချိန်ဆို အိမ်မှာပဲရှိဦးမှာပေါ့။နည်းနည်းပါးပါးစုံစမ်းကြည့်ရသလောက် ဒီနေ့ PP မှာ schedule မရှိဘူး။အိမ်မှာပဲ နေ့လယ်ရောက်သည်အထိ အိပ်နေမယ့် သူ့ကောင်လေးကိုတွေးမိပြန်တော့လည်း
အချစ်တွေပိုရတယ်။အဲ့ကောင်လေးကလေ
ဘာအပူပင်မှမရှိဘဲ နေ့ရက်တိုင်းကို ကောင်းကောင်းဖြတ်သန်းနေတာပဲ။နေ့တိုင်းကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကောင်လေးမို့
သူ့လက်ကိုတွဲခဲ့တဲ့နေ့ကစပြီး စိတ်ညစ်စရာတွေရဲ့အဝေးမှာ အမြဲထားခဲ့တာ။ဘယ်အရာကိုမှ
ကြိုတင်တွေးမရဘူးဆိုပေမယ့် PP ကိုစိတ်ညစ်စေမယ့် အရာတွေကိုတော့သူဘယ်တော့မှမလုပ်ဘူးဆိုတာ ကျိန်ပြောရဲတယ်။

~~~~~~~~~~~~~~~~~~~~~~~~

ကားက ခြံထဲဝင်လာတုန်းရှိသေး Ma နဲ့ Pa က အိမ်တံခါးမှာရပ်စောင့်ပြီး ကြိုနေပြီ။သားသုံးယောက်ရှိပေမယ့် သူကအငယ်ဆုံးဖြစ်လို့ထင်ပါရဲ့....မိဘတွေရဲ့အချစ်ကို အစ်ကိုနှစ်ယောက်ထက်ပိုပြီးရခဲ့တာ။ပညာရေးကအစ အလုပ်နဲ့ပက်သက်ပြီးတော့ရော အရာအားလုံးကို တိုင်ပင်ပြီး အကြံဉာဏ်ကောင်းတွေပဲအမြဲရခဲ့လို့ မိဘနှစ်ပါးကိုကျေးဇူးတင်ရတယ်။အချစ်ရေးမှာလည်း
သား ပျော်တဲ့အရာကိုသာလုပ်ပါ ဆိုပြီးသူ့ချစ်သူကိုပါ လက်ခံပေးခဲ့တာ။အင်း.... ပြီးတော့ PP ကိုလည်း သားအရင်းလေးလိုချစ်ပေးခဲ့တာမို့ သူ့မိဘတွေကို အများကြီးကျေးဇူးတင်ရတယ်။

Every Sunset Has Perfect EndingWo Geschichten leben. Entdecke jetzt