Chapter 34

252 23 2
                                    

ထားရစ်ခဲ့သူရယ် ကျန်နေခဲ့ရသူရယ်
ဘယ်သူက ပိုပြီးနာကျင်လောက်သလဲ။

အချစ်က ဘဝကြီးမဟုတ်ပေမယ့်
ချန်ထားရစ်ခဲ့သူဟာ ကိုယ့်ကမ္ဘာကြီးဖြစ်နေလေတော့
ကျန်ရစ်ခဲ့သူဟာ အလဲလဲအပြိုပြိုကိုဖြစ်လို့ပေါ့။

~~~~~~~~~~~~~~~~~~~~~~~~~~~

Kin မရှိတော့တဲ့ နောက်ပိုင်းနေ့ရက်တွေမှာ
ကျွန်တော့်ရဲ့စိတ်ရော ကိုယ်ရော နာကျင်မှုတွေနဲ့
ဖြတ်သန်းခဲ့ရတယ်။အနားမှာ အတူရှိလာခဲ့တဲ့အချိန်တွေဟာ ကြာမြင့်ခဲ့တာမို့ Kin ရဲ့ရုတ်တရတ်ထွက်ခွာသွားမှု
အပေါ် ကျွန်တော်လုံးဝ နေသားမကျသေးဘူး။

"သား...ဘာစားချင်လို့လဲ"

မီးဖိုခန်းမှာ မတ်တပ်ရပ်ကာငူငူကြီးနေနေတဲ့ သူ့ကို
Mae ကလှမ်းမေးလာပါရဲ့။

"ကော်ဖီဖျော်နေတာ Mae
Drip coffee သောက်ချင်လာလို့ပါ....."

အရင်အချိန်တွေတုန်းက မနက်ခင်းတိုင်းမှာ ကိုယ်တိုင်
Drip ထားတဲ့ကော်ဖီလေးကို ဖန်ခွက်လှလှလေးထဲထည့်ပြီး ကျွန်တော့်ကိုတိုက်ခဲ့တဲ့သူကို သတိရမိတယ်။
အခု ငါ့လက်ထဲက drip coffee က မင်းဖျော်တာလောက်
သောက်မကောင်းဘူး Kin....

Coffee ခွက်ကိုကိုင်ကာ အပေါ်ထပ်က ကျွန်တော့်ရဲ့
အခန်းဆီတက်လာမိတော့ အရင်လို စောင့်ကြိုနေမယ့်
Kin ကရှိမနေတော့။မျက်လုံးတွေဟာ အိပ်ရာပေါ်မှာ
ထိုင်ကာပြုံးပြနေကျ လူတစ်ယောက်ကိုပဲ မြင်ယောင်နေလို့ သူ့ရဲ့အိပ်ပျက်ညတွေဟာ ကြာလာခဲ့ပြီပေါ့။

နေရာတိုင်းမှာ Kin ကိုပဲမြင်ယောင်နေတာမို့
Mae တို့အိမ်ကို ပြန်လာနေတာတောင် Kin ရဲ့ ပုံရိပ်တွေဟာ ပျောက်မသွားခဲ့ဘူး။

မနက်မိုးလင်းလာရင် အရင်လိုအသံချိုချိုလေးနဲ့
လာနိုးမယ့်သူ မရှိတော့ဘူး။

ဖျားနေရင် ဆေးသောက်ရမှာကြောက်လို့ဆေးတွေ လွှင့်ပစ်တတ်တဲ့ ကောင်လေးကို မင်းစိတ်မပူဘူးလား Kin...

မနက်စာစားတိုင်း အသဲပုံကြက်ဥကြော် ကြော်ပေးတတ်တဲ့ လူတစ်ယောက်ကို လွမ်းမိတယ်။
အခုဆို ကြက်ဥကြော်တောင် ငါမစားဖြစ်တော့ဘူး Kin...
ဘယ်သူမှ မင်းလို အသဲပုံဖြစ်အောင် မကြော်တတ်ကြဘူး။

Every Sunset Has Perfect EndingWhere stories live. Discover now