Chapter 20

250 21 2
                                    

"Kin နောက်ဘဝဆိုတာကိုယုံလားဟင်"

"နောက်ဘဝ?"

"အင်း နောက်ဘဝ"

"ကိုယ် အဲ့လိုတော့သေချာမပြောတတ်ပေမယ့်
လူဝင်စားဆိုတာရှိတယ်မလား။အဲ့လိုဆိုရင် နောက်ဘဝဆိုတာတကယ်ရှိလို့ပဲပေါ့"

"အဲ့ဒါဆို Kin ကနောက်ဘဝကျရင် ဘာအဖြစ်မွေးဖွားချင်လဲ"

"PP kritt ရဲ့ကောင်လေးအဖြစ်နဲ့ပဲမွေးဖွားချင်တယ်"

"ဟင်း အကောင်းမေးနေတာကို"

"ကိုယ်ကလည်းအမှန်တိုင်းဖြေနေတာလေ။
နောက်ဘဝဆိုတာရှိခဲ့ရင်လည်း PP Kritt ရဲ့ကောင်လေးအနေနဲ့ပဲမွေးဖွားချင်တယ်။အခုလိုပဲ အနားမှာအမြဲရှိနေနိုင်ပြီး အမြဲချစ်ပေးမယ့်လူသားအနေနဲ့ပဲပြန်မွေးဖွားလာချင်တာ"

"ငါ့ကို ဘာလို့အဲ့လောက်ချစ်ရတာလဲဟင်"

သူ့ကိုမျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်ရင်း မေးခွန်းတွေတရစပ်မေးနေတဲ့ကောင်လေးရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး သူ့ရဲ့ဘယ်ဘက်ရင်အုံပေါ်တင်လိုက်တယ်။

"ခံစားမိလား ကိုယ့်ရဲ့ရင်ခုန်သံတွေကို။
ပြီးတော့ သေချာနားထောင်ကြည့်။
ကိုယ့်ရဲ့ ရင်ခုန်သံတွေက PP PP ဆိုပြီးအသံမြည်နေတယ်"

"တော်ပါ မဟုတ်ကဟုတ်ကတွေ"

"ရော် ဒီကောင်လေးနဲ့တော့ခက်နေပါပြီ"

"Kin ... ခေါင်မိုးထပ်တက်ပြီး ကြယ်တွေကြည့်ရအောင်"

သူပြောလိုက်တဲ့စကားကိုကြားပြီး ရှက်ရမ်းရမ်းကာ
အပေါ်တက်ဖို့ လက်ဆွဲခေါ်သွားတဲ့ကောင်လေးကြောင့်
သူ့မှာ နောက်ကနေ တဟုန်ထိုးလိုက်ခဲ့ရတော့တယ်။

ခေါင်မိုးထပ်ကိုရောက်တော့ မှောင်မည်းနေတဲ့အခန်းကြောင့် နံရံဘေးက မီးခလုတ်လေးကိုဖွင့်လိုက်တယ်။
အခန်းငယ်လေးက ဝါကျင်ကျင်မီးရောက်အောက်မှာ။

အခန်းလေးထဲက တစ်ခုထဲရှိတဲ့ ပြတင်းပေါက်ငယ်ကိုဖွင့်လိုက်တော့ ဟိုးကောင်းကင်ထက်က ကြယ်တွေကိုအတိုင်းသားမြင်နေရတယ်။မှောင်မည်းနေတဲ့ကောင်းကင်ပြင်ကြီးဆီမှာ တမှိတ်မှိတ်လင်းနေတဲ့ ကြယ်လေးတွေရယ် ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့တစ်ခုထဲသော လမင်းကြီးရယ် အရာအားလုံးဟာ ညရဲ့တိတ်ဆိတ်မှုအောက်မှာပနံရစွာတည်ရှိနေတယ်။

Every Sunset Has Perfect EndingWhere stories live. Discover now