Chapter 2

471 39 5
                                    

နံနက်စာစားပြီးတာနဲ့ အဆိုးလေးကိုဆေးတိုက်ရသည်။တစ်ခြားသူတွေလိုဆေးမသောက်ချင်ဘူးလို့တော့မငြင်း။နေမကောင်းလို့ အလုပ်ပျက်မှာကို PP Krit အကြောက်ဆုံးဖြစ်သည်မို့။ကျန်တဲ့နေရာမှာသာ ကလေးဆန်ချင်ဆန်လိမ့်မည်။အလုပ်လုပ်နေရင်တော့ တည်တည်ငြိမ်ငြိမ်နဲ့
တကယ့်လူကြီးလေးလိုပင်။

"Kin နောက်အပတ်ကျ ငါနဲ့အတူ interview တစ်ခုအတူဖြေဖို့ရှိတယ်မလား။"

"ဟုတ်တယ် P နောက်အပတ်သောကြာနေ့"

"Kin ပဲငါ့ကိုဝင်ခေါ်လေ....နော်။Nadao ကိုလည်း Kin နဲ့အတူသွားမယ် နော်"

"ဟုတ်ပါပြီ PP Krit ရဲ့။ဘယ်တုန်းက ပစ်ထားခဲ့ဖူးတာကျနေတာပဲ"

"ဟုတ်တယ် ဟုတ်တယ် Kin ကငါတို့အသက် 17 နှစ်ကစလို့ အခုချိန်ထိ ဘယ်တုန်းကမှ ငါ့ကိုပစ်မသွားခဲ့ဖူးဘူး။ကျောင်းမတူတာတောင် ခုထိ Kin ရဲ့ Porsche ကားကြီးနဲ့လာလာကြိုပို့လုပ်တာ။ငါ့ရဲ့ Sugar Daddy Kin ကြီး ဟီး"

ဟုတ်ပါသည်။အထက်တန်းတုန်းကတော့ သိပ်ပြီးအကြိုအပို့မလုပ်ခဲ့ပေမယ့် university life မှာကျ တကွဲတပြားဆီ
ကျောင်းတက်ရတာတော့ကျွန်တော်တို့အတွက် ထူးထွေပြီးအဆင်မပြေတာမျိုးမရှိခဲ့။မရှိဆို P ရဲ့ uni ကိုကျွန်တော်သွားလေ့ရှိသလို P ကလည်းကျွန်တော့် uni ဆီကိုလာတာပဲ။
Uni life ကသူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်သွားလည်းPP ပါသည်။P တို့သူငယ်ချင်းတွေအပြင်သွားလည်း ကျွန်တော်ပါသည်။ကျွန်တော်တို့ဘယ်တော့မှမဝေးခဲ့။

"Sugar Daddy လို့ပြောရအောင် ကိုယ်က P ထက်ခြောက်လနီးပါးငယ်တယ်လေ"

"မရဘူး။P' Kin လို့ခေါ်ရတာပဲကြိုက်တယ်။"

"ဟုတ်ပါပြီ Nong PP လေးရဲ့"

"Kin ငါတို့အပြင်မထွက်ရတာကြာပြီ။Shopping ထွက်ကြမလား"

သူလိုချင်တာရှိရင် မျက်လုံးလေးတွေတောက်လာကာအားတက်သရောပြောတတ်သည်မှာ ကျွန်တော်ချစ်သော P ရဲ့အကျင့်ဖြစ်သည်။

"အင်း သွားလေ P နေ့လည်စာပါအပြင်မှာစားခဲ့မယ်လေ"

"ဟုတ်တယ် ဟုတ်တယ် အဲ့လိုပဲလုပ်မယ်"

"နေပါဦး ခေါင်းကိုက်တာကသက်သာသွားပြီလား။ခဏလေးနားဦးမလား P''

Every Sunset Has Perfect EndingWhere stories live. Discover now