Chapter 23

203 22 0
                                    

လူတစ်ယောက်ကို ဘယ်အခြေအနေပဲရောက်ရောက်ချစ်ဖူးလား။
မဟုတ်သေးဘူး....
အဲ့ဒီလူက ကိုယ့်ကိုမချစ်တော့တဲ့အချိန်မှာတောင်
အရာရာကို ခွင့်လွှတ်ပြီးချစ်ခဲ့ဖူးလား။

ငါအဆင်မပြေလည်းရတယ်....
မင်းကိုပဲချစ်မယ်ဆိုတာ တကယ်တော့လိမ်တာအချစ်ရဲ့။
မင်းဘဝနဲ့မင်းပျော်နေချိန်မှာ ငါက ချောင်လေးမှာထိုင်ပြီး တစ်ယောက်ထဲ ငိုချင်ပါ့မလား။

~~~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့က သူတို့ရဲ့ချစ်သူသက်တမ်း ငါးနှစ်ပြည့်တဲ့နေ့။
အခက်အခဲတွေကိုအတူရင်ဆိုင်ပြီး ဖြတ်ကျော်လာနိုင်ခဲ့တာ ငါးနှစ်တောင်ရှိသွားပြီ။
ဒီ ငါးနှစ်အတွင်းမှာ သူတို့နှစ်ယောက် ရန်တွေဖြစ်ခဲ့ကြတယ်။ စိတ်တွေကောက်ပြီး စကားမပြောတဲ့နေ့တွေအများကြီးလည်းကြုံခဲ့ဖူးတယ်။ဒါပေမယ့် နေ့ရက်တိုင်းမှာ Kin ကိုပိုပြီးချစ်ပေးမယ်ဆိုတဲ့အတွေး သူ့မှာအမြဲရှိခဲ့ပါတယ်။

အရင်ကလို ထစ်ခနဲရှိ စိတ်ဆိုးစိတ်ကောက်တတ်တဲ့စိတ်တွေလည်း မရှိတော့ဘူးထင်ပါရဲ့။
Kin အပေါ် အနိုင်ယူချင်တဲ့စိတ်တွေလည်းမရှိတော့ဘူး။
အဲ့ဒါက သူ့အတွက်ကောင်းတာလား မကောင်းတာလားတော့ မပြောတတ်ဘူး။ဘာလို့ဆို
အခုတလော သူ့ကို
Kin ပစ်ထားတာ တော်တော်ကိုကြာနေပြီလေ။

ဒီနေ့လေးကိုရောက်ဖို့ သူ့မှာအမြဲစောင့်နေခဲ့ရတာ။
Kin နဲ့သူ့ရဲ့ special day လေး။
လွန်ခဲ့တဲ့ငါးနှစ်က ဒီ‌လိုနေ့မျိုးမှာ အထက်တန်း
ကျောင်းသားကောင်လေးက သူ့သူငယ်ချင်းကောင်လေးကို "ချစ်တယ်" ဆိုပြီးအဖြေပေးခဲ့ဖူးတယ်။
Tutoring class မှာ အကြည့်ချင်း ဆယ်စက္ကန့်လောက်ဆုံလိုက်မိရုံနဲ့တင် ဒီလူဟာ နောင်တစ်ချိန်မှာသူ့လက်ကို
စွဲစွဲမြဲမြဲတွဲမယ့်လက်တစ်စုံဆိုတာ စိတ်ထဲမှာပုံပေါ်ပြီးသား။

ကြားဖူးကြလားမသိဘူး။
ကိုယ့်ရဲ့အချစ်စစ်နဲ့တွေ့လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးကရပ်တန့်သွားတယ်တဲ့။
ကျွန်တော့်အတွက်တော့ အဲ့လိုမဟုတ်ဘူး။
Kin ကိုတွေ့လိုက်တဲ့အချိန်မှာ ကျွန်တော့်ကမ္ဘာကြီးက Kin ဆိုတာကိုသိသွားခဲ့တာ။

ဒီကမ္ဘာကြီးမှာ Kin အချစ်ရဆုံးလူက PP Kritt ပါဆိုပြီး သူငယ်ချင်းတွေကြားဟစ်ကြွေးခဲ့ဖူးတယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ အဲ့စကားကိုသံသယ
ကင်းကင်းနဲ့ ပြောထွက်နိုင်ပါ့မလားဆိုတာကျွန်တော် မသေချာတော့ဘူး။

Every Sunset Has Perfect EndingWhere stories live. Discover now