Chapter 33

249 25 11
                                    

သူများတွေအတွက် လက်ထပ်ပြီးကာစ အချိန်တွေဟာ ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမယ့် အစကတည်းက ခွဲခွာဖို့ကောင်းကင်က သတ်မှတ်ပေးထားတဲ့ကျွန်တော်တို့အတွက်ကတော့
ဝမ်းနည်းစရာအချိန်တွေပဲဖြစ်ခဲ့တယ်။

ဘာဖြစ်လို့ဆို‌တော့  နှစ်ဦးသဘောတူလက်ထပ်ပြီးခဲ့တဲ့နေ့ရဲ့နောက်ရက်တွေကစပြီး ကျွန်တော့်ရဲ့ခင်ပွန်းဖြစ်တဲ့
Kin ရဲ့ကျန်းမာရေးအခြေအနေဟာ အဆိုးရွားဆုံးကို
ရောက်ရှိခဲ့လို့ပါပဲ။Kin ဟာ အချိန်တိုင်းလိုလို နှာခေါင်းသွေးတွေလျှံလာတယ်။မျက်လုံးတွေမှိတ်ထားပေမယ့်
အသက်ရှူသံပြင်းပြင်းနဲ့ အသက်ဆက်ဖို့အတွက် ကြိုးစားနေရတယ်။အိပ်ရာထဲကနေ မထနိုင်တော့တဲ့ Kin ရဲ့
နံဘေး သူ့ရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း
နာကျင်စွာကြည့်နေရတဲ့ ကျွန်တော့်ရဲ့
အဖြစ်ကလေ...သံရည်ပူတွေမျိုချနေရသလို ပူလောင်လှတယ်။

မကြာခင်မှာ ကျွန်တော့်ရဲ့မွေးနေ့ကိုရောက်လာတော့မယ်။
အဲ့ဒီနေ့တစ်ရက်ကိုတော့ Kin ကိုငေးကြည့်
နေရင်းနဲ့ပဲဖြစ်စေ ကုန်ဆုံးချင်သေးတယ်။
ကျန်တာတွေမလိုပါဘူး။
မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော့်ရဲ့မွေးနေ့မှာ Kin ရှိနေတာလေးကိုပဲ လိုချင်ပါတယ်။
Kin ရဲ့ မျက်လုံးတွေမှိတ်ထားလည်းရတယ်။
အခုလို အိပ်ရာပေါ်မှာလှဲနေရင်လည်းအဆင်ပြေတယ်။
ကျွန်တော့်ကို
"Happy Birthday" ပါဆိုပြီး မွေးနေ့ဆုတောင်းမပြောပေးလည်းအဆင်ပြေပါတယ်။ဒီတိုင်းလေး Kin အသက်ရှူနေတာလေးကိုပဲ ဘေးနားကနေ နားထောင်ချင်လို့ပါ။

ဧပရယ် 27 ရက်နေ့မှာ Kin ရဲ့မျက်လုံးတွေဟာ မှိတ်သွားရာကနေ ပြန်ဖွင့်
မလာတော့ဘူး။Kin သောက်နေကျဆေးတွေကိုလည်း ရပ်ပစ်လိုက်ဖို့ ဆရာဝန်ကပြောခဲ့တယ်။
Kin ဟာ သတိမေ့မြောနေတာတဲ့လေ။Kin ရဲ့ ခန္ဓာကိုယ်ဟာ ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်လေးမှာရှိနေပေမယ့်
Kin ရဲ့စိတ်တွေဟာ ဘယ်ကိုရောက်နေလိမ့်မလဲ။

အသက်ဆယ့်ရှစ်နှစ်တုန်းက အတူတက်ခဲ့ကြတဲ့
အချိန်ပိုသင်တန်းလေးမှာလား။
ဒါမှမဟုတ် အောင်မြင်မှုတွေအတူရယူနိုင်ခဲ့တဲ့
ရိုက်ကွင်းလေးမှာများ ရောက်နေတာလား။
ဒါမှမဟုတ် ကျွန်တော်တို့နှစ်ယောက် စက်ဘီးအတူစီးနေကျ နေကြာပန်းခင်းကြီးဆီမှာများလား။
ဖြစ်နိုင်တယ်...ကျွန်တော့်ရဲ့ Kin ဟာ သူသိပ်မြတ်နိုးတဲ့
နေကြာပန်းခင်းကြီးဆီရောက်နေလိမ့်မယ်။
အဲ့ဒါဆိုလည်း ငါ့ဆီကိုပြန်လာခဲ့ပါလား
Kin ရယ်...
မင်းသိပ်မြတ်နိုးတဲ့ နေကြာတွေငါတို့ခြံထဲမှာ
စိုက်ထားတယ်လေ။

Every Sunset Has Perfect EndingWhere stories live. Discover now