Chapter 5

269 23 3
                                    

အိပ်ရာက နိုးလာတော့ သူတို့နှစ်ယောက်ကြားက ကလေးငယ်က လက်လေးစုပ်ပြီး ငြိမ်ငြိမ်လေးရှိနေပြန်တယ်။Kin ကိုကြည့်တော့ ပြတင်းပေါက် လိုက်ကာနားမှာကော်ဖီခွက်ကိုင်ကာ အပြင်ကိုငေးကြည့်နေတယ်။
အင်း... အပြင်ဘက်မှာရာသီဥတုကမှုန်မှိုင်းမှိုင်းလည်းမဟုတ် နေသာတာလည်းမဟုတ် ကြားနေကာလလေးလို့ပဲပြောရမယ်။

လူလည်းနုံးနေပြီမို့ ရေချိုးချင်နေပြီ။ကော်ဖီကို
အေးဆေးရပ်သောက်နေတဲ့သူ့ကိုလည်း အနှောင့်အယှက်မပေးချင်တာမို့အခက်တွေ့ရပြန်တယ်။ကလေးငိုလည်း ချော့တတ်တဲ့သူမဟုတ်တာ‌မို့ ပိုပြီးအခက်တွေ့နေရတယ်။

"P နိုးပြီလား"
အပြုံးတစ်ပွင့်နဲ့အတူ ကော်ဖီခွက်ကိုကိုင်ကာ
အိပ်ရာပေါ်က ကျွန်တော့်ကိုကြည့်နေတဲ့သူ။
အဲ့အကြည့်မှာ နွေးထွေးမှုတွေပါနေတယ်ဆိုတာ
မြင်ရုံနဲ့တင် သိသာပါတယ်။

"အင်း Kin ငါရေချိုးချင်တယ်"

"အင်း ရတယ် ချိုးလေ P
အရင်လို ကိုယ့်အဝတ်အစားတွေပဲဝတ်လေ"

"အင်း အဲ့ဒါကအဆင်ပြေပါတယ်။
မပြေတာက Kin က ကလေးငိုရင်ချော့မှမချော့တတ်တာ။
ငိုနေရင် ထလာရအောင်လည်းအဆင်မပြေဘူးလေ"

ပြတင်းပေါက်အနားကနေ ကျွန်တော်ရှိရာဆီ
ခြေလှမ်းကျယ်တွေနဲ့လှမ်းလာနေတဲ့သူ။

"ကိုယ် မချော့တတ်ဘူးလို့ဘယ်သူကပြောလဲ"

"ဟင် မနက်ကတောင် ကလေးငိုနေတာကို ဒီတိုင်းထိုင်ကြည့်နေပြီး"

"အဲ့ဒါက ဘောင်းဘီလဲပေးရမပေးရ စဉ်းစားရကျပ်နေလို့ပါ P ရဲ့။ကိုယ်ချော့တတ်တာ မချော့တတ်တာ P အသိဆုံး"

မျက်လုံးကြီးဝင့်ကာ ပြောနေတဲ့မျက်နှာကြီးကို ‌ကြည့်မရလိုက်တာ။

"အဲ့ဒါဆိုလည်းပြီးရော ရေချိုးတော့မယ်။
ကလေးခေါ်ပြီး အပြင်ထွက်"

"ဟင် ဘာဆိုင်လို့"

"အကျီကချွတ်ရမှာလေ မချွတ်ဘဲ ရေချိုးရမလား ပြော"

"ဟားဟား စတာပါ P ရာ။ကိုယ်အပြင်ထွက်ပါ့မယ်
ကလေးအတွက် ဖြည့်စွက်စာလည်းပြင်ရဦးမယ်
ကလေးကိုလည်း မငိုအောင် သေချာထိန်းထားပါမယ်"

Every Sunset Has Perfect EndingWhere stories live. Discover now