Chapter 19

233 23 4
                                    

10 လပိုင်း 8 ရက် 2021ခုနှစ်။

ဒီနေ့က Kin ရဲ့ 22 နှစ်ပြည့်မွေးနေ့။
17 နှစ်ပြည့်မွေးနေ့ကနေ 21 နှစ်ပြည့်မွေးနေ့အထိ
သူရယ် Kin ရယ် မွေးနေ့ပါတီတွေလုပ်ပြီး တစ်ယောက်ကိုတစ်ယောက်အချိန်တွေပေးခဲ့ကြဖူးသည်။

ဒီနှစ် 22 နှစ်ပြည့်မွေးနေ့မှာတော့
တစ်ရက်လုံးအတူရှိနေနိုင်မှာမဟုတ်သော်ငြားလည်း
Kin ကိုအချိန်ခဏချန်ပေးဖို့ပြောခဲ့ပြီးပြီ။
ချစ်သူရဲ့မွေးနေ့ပဲမလား....
သူနဲ့အတူတူ ကုန်ဆုံးချင်တာသဘာဝပဲပေါ့။

8 ရက်နေ့ Kin ရဲ့မွေးနေ့ရက်သို့
မကူးပြောင်းခင်နာရီပိုင်းအလိုကတည်းက Kin ရဲ့အိမ်ထဲကို သူရောက်နှင့်နေတာဖြစ်သည်။Kin ရဲ့တစ်အိမ်သားလုံးနဲ့တိုင်ပင်ပြီး Kin ကို
စပရိုက်တိုက်ဖို့အစီအစဥ်တွေဆွဲထားသည်မှာ နှစ်ပတ်အလိုလောက်ကပင်ဖြစ်သည်။

"Ma...
P ဒီအိမ်ကိုရောက်နေတာ Kin မသိဘူးမလား"

"မသိပါဘူးရှင်
အဲ့ကောင်လေးက ညကိုးနာရီလောက်ကတည်းက အပေါ်ကိုတက်သွားတာ လုံးဝမသိဘူးရယ်"

"ဆယ့်နှစ်နာရီထိုးဖို့ကလည်း ဆယ်မိနစ်တောင်လိုသေးတယ်
P တော့စိတ်တွေလှုပ်ရှားနေပြီ"

"စပရိုက် လုပ်ရမယ့်သူကစိတ်လှုပ်ရှားရတယ်လို့သားရယ်"

"P က Kin နဲ့မတွေ့ဖြစ်တာကြာပြီ Ma ရဲ့"

"Kin က အခုတလောသိပ်အလုပ်ရှုပ်နေတယ်ထင်ပါရဲ့
Ma တို့နဲ့တောင်ညစာအတူမစားတာများတယ်။
အပြင်မှာပဲအမြဲစားလာတော့တာပဲ"

"Ma တို့နဲ့လည်း ညစာအတူမစားဘူးလား"

"အင်း ဟုတ်တယ် တော်တော်ကြာပြီ"

Ma တို့နဲ့တောင်ညစာအတူမစားဘူးဆိုတော့
Kin က ညတိုင်းဘယ်သူနဲ့ dinner အတူစားတာလဲ။
ဒီအတောအတွင်း သူဖုန်းဆက်လည်း Kin ကအလုပ်များနေတတ်တာမို့ ဖုန်းမဆက်တာလည်းတော်တော်ကြာပြီ။
Kin ဘာတွေလုပ်နေတာလဲ။

"သား ဆယ့်နှစ်နာရီထိုးတော့မယ်
Ma တို့အပေါ်တက်ကြရအောင်"

"ဟုတ်"

သူ့လက်ထဲမှာ ဖယောင်းတိုင်မီးထွန်းပြီးသားကိတ်မုန့်လှလှလေးတစ်လုံးရှိတယ်။ဒီကိတ်လေးကိုရဖို့သူ့မှာ
တစ်နေကုန်ကြိုးစားထားရတာ။
Sky blue ကို ကိတ်မုန့်အောက်ခံအရောင်ထားပြီး အနီရောင်အမှတ်အသားအဖြစ် စတော်ဘယ်ရီသီးတွေရယ် ချယ်ရီသီးတွေရယ်နဲ့အလှဆင်ထားတယ်။အနီနဲ့အပြာက သူတို့နှစ်ယောက်ရဲ့ သက်ေတပဲ။

Every Sunset Has Perfect EndingWhere stories live. Discover now