အတော်အသင့်လည်ပတ်ခဲ့မိတာမို့
နာရီကိုကြည့်လိုက်တော့ ညနေလေးနာရီထိုးနေပြီ။အခုချိန်ဆို မိဘတွေလည်းစိတ်ပူနေရောပေါ့။"Kin...ပြန်ကြရအောင်လေ မကြာခင်နေဝင်တော့မယ်"
ခေါင်းငြိမ့်ပြတဲ့ Kin ရဲ့လက်ကိုဆွဲပြီး ဆေးရုံဆီသို့ပြန်လည်ချီတက်မိသည်။ဆေးရုံကိုပြန်ရောက်ရင် Kin ကိုအရင်ဆုံး ဆေးတိုက်ရမည်။တစ်နေ့လုံး Kin ကသာ ပျော်မြူးနေပေမယ့် သူ့မှာဘယ်အချိန် Kin အသက်ရှူရကြပ်လာမလဲလို့ တွေးပူနေရတာအမော။
ဒါပေမယ့် Kin ကသာမန်ထက်ပိုပြီး ကြံ့ခိုင်တဲ့ကောင်လေးမို့ တော်ပါသေးတယ်။ဆေးရုံအခန်းထဲကို ဝင်ဝင်ချင်းမှာပဲ Kin ရဲ့မိဘတွေရော၊ဆရာဝန်တွေရောက သူတို့နှစ်ယောက်ကိုဝိုင်းပြီးကြည့်နေကြသည်။မျက်နှာတွေမှာလည်း စိုးရိမ်မှုအပြည့်။
"သားတို့ ဘယ်တွေလျှောက်သွားနေကြတာလဲ။
မနက်ကတည်းကထွက်သွားလိုက်တာ ခုမှပဲပေါ်လာတော့တယ်။ဖုန်းဆက်တော့လည်း ဖုန်းတွေကအခန်းထဲမှာထားခဲ့ကြသေးတယ်။Ma တို့ဘယ်လောက်တောင်စိတ်ပူနေသလဲ တွေးမိကြရဲ့လား"Kin ရဲ့ Ma ကဆူပူနေပေမယ့် ဘာတစ်ခုမှပြန်မပြောနိုင်ခဲ့ပါ။အမှားလုပ်ခဲ့သူက ကိုယ်တို့နှစ်ယောက်ပဲမလား။
ဆေးရုံကနေထွက်လာကတည်းက ပြန်ရောက်ရင်
နှစ်ယောက်လုံး အဆူခံရမယ်ဆိုတာကိုသိသည်။
ဒါပေမယ့် Kin ကိုလွတ်လွတ်လပ်လပ်ပျော်စေချင်တာမို့။
Kin နဲ့အတူရှိနေနိုင်မယ့် နေ့ရက်တွေနည်းလာတာနဲ့အမျှ အဲ့ဒီနေ့ရက်တိုင်းမှာ Kin ကိုပျော်ရွှင်စေချင်သည်။Kinနဲ့အတူ အမှတ်တရတွေများစွာကိုဖန်တီးချင်မိသည်။"နောက်တစ်ခါ အဲ့လိုတော့အကြာကြီးထွက်မသွားပါနဲ့။
လူနာက နည်းနည်းလောက်လှုပ်ရင်တောင် အောက်စီဂျင်ကျတဲ့အနေအထားမှာရှိတယ်။အခုရော အသက်ရှူရခက်နေသေးလား Mr.Billkin"ဆရာဝန်ရဲ့အပြောကို Kin ကခေါင်းအသာ
ယမ်းရင်းတုန့်ပြန်သည်။"ကျွန်တော်ဘာမှမဖြစ်ပါဘူး...ဟင်း...
နေလို့ကောင်းပါတယ်"Kin ရဲ့အသံတွေက ဝေဝါးစွာ...
ပြီးတော့ အသက်ရှူသံတွေကတဖြည်းဖြည်းပြင်းထန်လာသည်။အသက်ကို ခက်ခက်ခဲခဲလုရှူနေရသလိုမျိုး။
YOU ARE READING
Every Sunset Has Perfect Ending
Fanfictionငါက နေကြာ။ မင်းရှိရာအရပ်ကိုပဲလှည့်ပြီး ပွင့်တတ်တဲ့ မင်းရဲ့နေကြာ။ ငါက နေကြာ။ ဒါပေမယ့် နေရောင်ခြည်မလိုအပ်ဘူး။ အစွမ်းကုန်ပွင့်လန်းနိုင်ဖို့ Billkin Putthipong တစ်ယောက်ပဲ လိုအပ်တယ်။