Chapter 11

233 28 8
                                    

"ဒီကိစ္စကို ဘယ်လိုလုပ်ပါဆိုပြီး P' မပြောချင်ဘူး။Nong တို့လည်းကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အသက်အရွယ်ကိုရောက်နေပြီပဲ"

"P တို့ငြင်းလိုက်ရင်ကောင်းမလားဟင်
ဒီတိုင်းသူငယ်ချင်းတွေမတွေ့ရတာကြာလို့ dateလုပ်ဖြစ်ကြတာ ပြီးတော့ နမ်းနေတာလည်းမဟုတ်ဘူး အမှောင်ရိပ်ထဲမှာမို့ တစ်မျိုးထင်သွားတာလို့ ပြောလိုက်ရင်ရော''

အဆုံးထိကို သူတို့နှစ်ယောက်ပက်သက်မှုကို ထုတ်ပြဖို့ အစီစဥ်မရှိခဲ့ဘူးပဲ။
ဟား လေးနှစ်လုံးချစ်ခဲ့တဲ့ ငါက အရူးလိုပဲ။

"Billkin ကရော ဘာမှမပြောတော့ဘူးလား''

"ဒီဆက်ဆံရေးမှာ ကျွန်တော့်စကားတွေက အရေးမပါပါဘူး P' ''

"ဟူး ဆိုလိုတာက နှစ်ယောက်သားတွဲနေတာအမှန်ပေါ့''

"အထက်တန်းကတည်းကပါ P' ''

အဆုံးထိဖွင့်မပြောဘဲ ရုပ်တည်နဲ့ထိုင်နေတဲ့ PP မျက်နှာကို
စိုက်ကြည့်ပြီး ဖြေလိုက်တော့ သူ့ကိုမော့ကြည့်လာပါသည်။
အဲ့မျက်နှာ အဲ့ဒီမျက်နှာက ဘာမှမသိတဲ့သူလို ဖြူစင်နေတဲ့ မျက်နှာမျိုး။
ဟုတ်ပါတယ် ငါကပဲ အရူးပါ။

"P' ပြောချင်တာကို nong တို့လည်းသဘောပေါက်မှာပါ။
အဲ့ case အောက်က မှတ်ချက်တွေကိုတော့ ဘာမှမပြောလိုဘူး။တိုက်ခိုက်တဲ့သူတွေရှိသလို အဆုံးထိကာကွယ်ပေးမယ့်သူတွေလည်းရှိတယ်။Nong တို့ကိုပရိသတ်တွေက အတွဲလိုမျိုးတောင်ထင်ကြေးပေးပြီးအားပေးကြသားပဲ။ဒီဆက်ဆံရေးကို ချပြလို့လည်း နစ်နာရမယ့်ကိစ္စတွေရှိသလို ပိုပြီး အဆင်ပြေမယ့်အရာတွေလည်းရှိပါတယ်''

"တွဲနေတာကို ချပြဖို့ P အဆင်သင့်မဖြစ်သေးဘူး''

"နှစ်ယောက်သားအရင် ညှိကြပါဦး
ဒီကိစ္စကို ဘယ်လိုဖြေရှင်းချက်မျိုးမှ P' တို့ထုတ်ပေးသေးမှာမဟုတ်ဘူး။P' တို့အေဂျင်စီရဲ့အနုပညာရှင်တွေကို အဆုံးထိကာကွယ်ပေးသွားမှာပါ''

"ကျေးဇူးတင်ပါတယ် P'
ကျွန်တော်တို့ အဘက်ဘက်ကနေတွေးပြီး စဥ်းစားပါဦးမယ်။
Kin ငါတို့စကားပြောကြရအောင်''

သူ့အပြောကိုမစောင့်ဘဲ အခန်းထဲကနေ အရင်ထွက်လာလိုက်တယ်။သူဒီမှာဆက်နေရင် မွန်းကြပ်လွန်းလို့သေတော့မယ်။ဒေါသထွက်ချင်ပေမယ့်လည်း ထွက်လို့မရဘူး။
ဝုန်းဒိုင်းကြဲပြီး စိတ်ကိုဖွင့်ချချင်ပေမယ့်လည်း မလုပ်ဖြစ်ဘူး။
ကားရှိရာကိုတစ်ယောက်တည်းပဲ မြန်မြန်လျှောက်လာလိုက်တော့တယ်။

Every Sunset Has Perfect EndingWhere stories live. Discover now