Operation ခန်းထဲဝင်တော့မည့်အချိန်တိုင်အောင် Kin ရဲ့ လက်ကို PP
မလွှတ်သေး။ဆရာဝန်တွေရော သူနာပြုတွေရောက
အကျီမှာ သွေးတွေပေနေပြီး operation ခန်းထဲဝင်တော့မယ့် လူနာရဲ့လက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားတဲ့ သူ့ကို
အထူးအဆန်းသဖွယ် ကြည့်နေကြတယ်။"အပြင်ကပဲ စောင့်ပေးပါ
ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး လူနာကို
ကယ်တင်ပေးပါမယ်"ဝါရင့်ပုံရတဲ့ ဆရာဝန်ကြီးကပြောမှ
Kin ရဲ့လက်ကိုလွှတ်ပေးမိတော့တယ်။သူ လွှတ်ပေးလိုက်တဲ့ လက်တစ်စုံကို နောက်တစ်ကြိမ်
ပြန်ဆုပ်ကိုင်ခွင့် ရပါဦးမလား။ဟင့်အင်း...အဲ့လိုမဖြစ်ရဘူး။
Kin က ပြန်လာမှာ။
ဟုတ်တယ်....Kin ကငါ့ဆီ သေချာပေါက်ပြန်လာမှာ။Operation အခန်းအပေါ်က လင်းနေတဲ့ မီးနီလေးကို
မော့ကြည့်ရင်း မျက်ရည်တွေစီးဆင်းနေပြန်တယ်။
နောက်ဆုံးတော့ မျက်ရည်ကျရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ငါက မင်းကိုစောင့်နေတာမို့ ငါ့ဆီကို ပြန်လာပေးမယ်
မဟုတ်လား Kin..."သားလေး...Kin ရဲ့အခြေအနေရောဟင်"
အပြေးအလွှားရောက်လာတဲ့ Kin ရဲ့မိဘတွေနဲ့ အစ်ကိုတွေ။
Kin ရဲ့အစ်ကိုတွေကတော့ ဆေးရုံမပို့ခင်ကတည်းက
ရောက်လာတာဖြစ်ပြီး Ma တို့ကတော့ အခုမှရောက်လာကြတာပင်။
ပြေးလာတဲ့ Ma ရဲ့ရင်ခွင်ထဲဝင်ပြီး အသံတိတ်ငိုကြွေးနေမိတော့ ခေါင်းကိုပွတ်သပ်ပေးနေသော Ma ရဲ့လက်တစ်စုံ။
Kin အတွက် ဘာမှလုပ်ပေးနိုင်တာမရှိတော့
ပိုလို့တောင် အားနာရပါတယ် Ma ရယ်။~~~~~~~~~~~~~~~~~~~~~~~~~~
"Ma...Kin ကလေ သွေးတွေအများကြီးထွက်နေတာ။
သားရဲ့လက်ပေါ်မှာတင် မေ့လဲသွားတာ...အင့်""သားရဲ့ လက်ပေါ်မှာတင် မေ့လဲသွားတာ"ဆိုတဲ့စကားကို
စိတ်လွတ်သလို အကြိမ်ကြိမ်ပြောနေမိတဲ့ ကလေးကို
ကြည့်ပြီး ရင်တွေလည်းနာရပါတယ်။ငယ်ရွယ်တဲ့ကလေးဘဝအရွယ်ကတည်းက အိပ်မက်
တွေအများကြီးရှိကြတဲ့ကလေးနှစ်ယောက်၊
အခက်အခဲတွေကို အခုမှဖြေရှင်းပြီးကာစ ကလေး
နှစ်ယောက်အတွက် ဒီကြမ္မာဆိုးကြီးဝင်လာတာ
စောလွန်းပါသေးတယ်။
YOU ARE READING
Every Sunset Has Perfect Ending
Fanfictionငါက နေကြာ။ မင်းရှိရာအရပ်ကိုပဲလှည့်ပြီး ပွင့်တတ်တဲ့ မင်းရဲ့နေကြာ။ ငါက နေကြာ။ ဒါပေမယ့် နေရောင်ခြည်မလိုအပ်ဘူး။ အစွမ်းကုန်ပွင့်လန်းနိုင်ဖို့ Billkin Putthipong တစ်ယောက်ပဲ လိုအပ်တယ်။