Chapter 15

249 28 9
                                    

"PP ဘာလို့အဲ့လိုတွေပြောလိုက်တာလဲ"

ကားပေါ်ဝင်ထိုင်ပြီး ခါးပတ်ပတ်ရင်းဘေးက ဖုန်းနှိုက်နေတဲ့သူကိုမေးလိုက်သော်လည်း ခေါင်းပင်မော့မလာ။

"P ကိုယ်မေးနေတယ်လေ
ဘာလို့အဲ့လိုပြောလိုက်တာလဲ။သူကအခုမှဒီကိုစရောက်လာတဲ့သူလေကွာ ပြီးတော့ မင်းထက်အသက်ရော ဝါရောကြီးတဲ့သူ။အဆိုးဆုံးက သူကမင်းရဲ့အလုပ်ရှင်"

"တော်စမ်းပါ သူပြောနေတာတွေကိုမင်းမကြားဘူးလား။
မင်းနဲ့ငါ့ကိုခွဲစေချင်နေတာအသိသာကြီး။သူစဝင်လာကတည်းက သူ့မျက်လုံးတွေ မင်းကိုကြည့်နေတာကိုငါသိသားပဲ"

"အဲ့ဒါနဲ့ပဲ ကိုယ့်ကိုကြိုက်နေတာလားဆိုပြီး ပြောလိုက်ရောလား ကျစ်!!"

"နေပါဦး ငါကဘာမှားနေလို့မင်းကငါ့ကိုလာအော်နေရတာလဲ။ငါ့ရည်းစားကိုငါပိုင်တဲ့အကြောင်းပြောလိုက်မိတာ အဲ့လောက်မှားသွားရောလား"

"P က မပြောသင့်တဲ့အပိုစကားတွေကိုသွားပြောနေတာလေကွာ။တစ်ဖက်က ရိုးရိုးသားသားသူ့အလုပ်သူလုပ်နေတာမဟုတ်ဘူးလား"

"သူက ရိုးသားပါတယ်လို့ မင်းဘာကိုကြည့်ပြီးပြောနိုင်တာလဲ
ဘာလဲ မိန်းမတစ်ယောက်ဖြစ်လို့သူလုပ်သမျှမှန်နေရောလား
မင်းက အဲ့လိုလူလား"

"တော်တော့ P....
ငါက မင်းကိုဘယ်သူနဲ့မှပြသာနာမဖြစ်စေချင်တာ။
ငါ့အတွက်ကြောင့်ဆို ပိုလို့တောင်မဖြစ်စေချင်သေးတယ်။
မင်းကို မကောင်းတဲ့အမြင်တွေနဲ့လူတွေမြင်မှာကိုငါကစိုးရိမ်တာ။မင်းထင်တာတွေလျှောက်မပြောနဲ့"

"အေးပါ ထားပါ ငါပဲမှားတယ်ထားလိုက်ပါ"

သူ့ကိုကျောပေးပြီး ကားမှန်ဘက်ကိုမျက်နှာပေးကာ
ဖုန်းပြန်သုံးနေတဲ့သူကြောင့် ပခုံးကိုလက်နဲ့သူ့ဘက်ပါအောင်ဆွဲလှည့်လိုက်ပြီး

"P ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကို P သိတယ်မလား။
ကိုယ်က သူ့ဘက်ကပါလို့ပြောနေတာမဟုတ်ဘူးနော်။
ကိုယ်က အမြဲ P ဘက်ကပဲ။အခုဟာက ဒီကိစ္စလေးနဲ့
P ကိုသူမုန်းနေတာတွေအမြင်မကြည်တာတွေဖြစ်လာမှာစိုးလို့။ပြီးတော့ ကိုယ်တို့ကသူ့လက်အောက်မှာ အလုပ်လုပ်နေရတဲ့သူတွေမလား။အဲ့ဒါကြောင့် စကားကိုဆင်ခြင်ပြီးပြောစေချင်ရုံပါ"

Every Sunset Has Perfect EndingWhere stories live. Discover now