° 01 °

14.1K 657 26
                                    

(Zawgyi)

" ဘယ်မှာလဲ!! "


" သူ့အခန်းထဲမှာပါအစ်ကိုလေး.. တံခါးလုံးဝမဖွင့်ပေးဘဲ ပစ္စည်းတွေကိုပဲ တရစပ် ပစ်ပေါက်နေပါတယ် "

အိမ်တော်ထိန်းဂင်ရဲ့ စကားဆုံးတာနဲ့ ခြေလှမ်းကျဲကျဲများဖြင့် သမီးဖြစ်သူ၏ အိပ်ခန်းဆီသို့ Baekhyun ဦးတည်လာခဲ့သည် ။

ကြီးမားလှသော ပတ်အိမ်တော်ကြီး၏ ကြောင်လိမ်လှေကားကဲ့သို့ လှေကားထစ်ကြီးများဟာ ခုချိန်မှာတော့ တက်ရတာ အမောစို့မတက်ပင် ။

* ဒုန်း ဒုန်း ဒုန်း *

" ဘယ်သူမှမလာနဲ့လို့ပြောထားတယ်မဟုတ်ဘူးလား!!"

တံခါးအားသုံးချက်လောက်ထုရုံနှင့် အော်ကွဲထွက်လာသောသမီးဖြစ်သူအသံကြောင့် လက်သီးဆုပ်သည် လေထဲတင်ရပ်တန့်သွားရသည် ။

" Yaa! Byun Sebyul ! ခုတံခါးလာဖွင့် "

" ..... "

ခပ်ဆက်ဆက်လေး အော်ဟစ်လိုက်တော့
သူမှန်းသိသွားသောသမီးဖြစ်သူက အခန်းထဲရှိ ကုတင်ဘေးသို့ပြေးထိုင်ကာ ချက်ချင်းကုပ်သွားတော့၏။ အဖေဖြစ်သူကိုတော့ သူမ ချစ်လည်းချစ်၊ကြောက်လည်းကြောက်ရသည်လေ ။ Appa က စိတ်မရှည်ရင် ကြောက်ဖို့ကောင်းတဲ့လူမျိုးမို့ အကဲတော့ သိပ်မစမ်းရဲလှပါဘူး ။
ဒါပေမယ့်လည်း..။

" ပြောနေတာကြားလား! "

* ဒုန်း ဒုန်း *

" Byun Sebyul !! "

အခန်းတံခါးအပြင်မှအဖေဖြစ်သူ၏ စိတ်မရှည်သည့် အော်သံကြောင့် သူမပိုမိုတုန်လှုပ်လာရသည် ။ လက်နှစ်ဖက်စလုံးဖြင့်နားကိုပိတ်ချလိုက်ကာ ကြောက်ကြောက်နှင့်မျက်ရည်များပါစီးကျလာလေတော့၏။ နဂိုကတည်းက ဝမ်းနည်းနေသည့်စိတ်သည် အခုမှ ထွက်ပေါက်တွေ့သွားသည့်ဟန် ။ ဘယ်လောက်ပဲ ကြောက်ပေမယ့်လည်း တံခါးသွားမဖွင့်ချင်နေပါ ။ ကိုယ့်ဟာနဲ့ကိုယ်တောင် စိတ်ရှုပ်နေရတာကြီးကို ။

" Master key သွားယူ! "

" ဟုတ်ကဲ့အစ်ကိုလေး "

ထပ်မံကြားလိုက်ရသောအသံကြောင့် Sebyul ရင်ထဲတွင် ထိတ်ကနဲ ဖြစ်သွားသည် ။ အခန်းတွင်းရှုပ်ပွနေသော ပန်းအိုးကွဲတွေ၊ကျောင်းစာအုပ် ပွစာကျဲတွေကို မျက်ရည်များမခြောက်သေးသောမျက်လုံးဝိုင်းဝိုင်းများဖြင့် အလန့်တကြား ပတ်ကြည့်နေမိ၏။ ဘယ်ကစရှင်းရမလဲ၊ဘယ်လိုဖြေရမလဲဆိုသည့်မေးခွန်းတွေ၏ အဖြေကို စဉ်းစားရင်း တစ်ယောက်ထဲ ပျာပျာသလဲ ဖြစ်နေရတော့သည် ။ ဆံပင်တွေထဲလက်ထိုးထည့်လိုက် ၊ ဟိုဟာပြေးသိမ်းလိုက် ဒီဟာပြေးသိမ်းလိုက်နဲ့ လျှောက်လုပ်နေတုန်း တစ်ဖက်မှ Baekhyun ကလည်း အခန်းထဲသို့ဝင်လာဖို့အတွက် ပြင်ဆင်နေပြီဖြစ်၏။

Who cares?「 ChanBaek 」Where stories live. Discover now