° 14 °

2.1K 318 36
                                    


(Zawgyi)

Yoo JungHun ဆိုသည့်ကလေးမလေးနှင့် တွေ့ဆုံပြီးကတည်းက Baekhyun သည် ဒေါသစိတ်နှင့် စိုးရိမ်ဝမ်းနည်းစိတ်တို့ အပြိုင်လွှမ်းမိုးခြင်းကိုခံခဲ့ရသည် ။

Park Minhyuk ကို ဒေါသဖြစ်တာကတစ်မျိုး.. ကောင်မလေးပြောသောစကားအရဆို သေသွားတဲ့သားလေးက သူ့ကို မကောင်းတဲ့လူအဖြစ်သိပြီးသေသွားခဲ့ရတာပါလားလို့ တွေးတွေးပြီးဝမ်းနည်းစိတ်ထိခိုက်တာကတစ်မျိုးနဲ့ စိတ်ဂယောက်ဂယက်ဖြစ်ပြီး Chanyeol ကို ပြဿနာရှာမိတာလည်း ခဏခဏဆိုသလိုပင် ။

ပုံမှန်အတိုင်းဆို ကြိတ်ပြီးမကျေနပ်ဖြစ်နေရုံကလွဲထုတ်မပြတတ်ပေမယ့် ထိုနေ့ကတော့ Baekhyun, Chanyeol ကို လွန်လွန်မင်းမင်း အတော်လေးကို အကြီးအကျယ်ပြဿနာရှာခဲ့မိသည်လေ ။ ဘယ်လောက်ပဲမတည့်ဘူးဆိုပေဦးတော့.. ကိုယ့်အနေအထားနဲ့ ဂုဏ်သိက္ခာကျမယ့် လင်ယောက်ျားကဖောက်ပြန်တယ်ဆိုတဲ့စကားသံတွေကို Baekhyun မကြားချင်တာပါ ။ နောက်ပြီး သဝန်တိုတယ်မခေါ်တဲ့ ဝန်တိုစိတ်သေးသေးလေးလည်းပါတာပေါ့ ။

သူ Chanyeol ကို အများကြီး လိုက်လျောခဲ့တာပဲ ။ ဒီမိသားစုဖြစ်တည်လာဖို့ ရှိသမျှအရာအားလုံးကို ရင်းခဲ့တာပဲမလား ။ နှစ်ယောက်သား ယူခဲ့ရတာက ချစ်လို့လည်းပါတာပဲကို ခုနောက်ပိုင်း ရန်ဖြစ်စကားများရတာကသာများနေတယ်..
အဲ့တာရဲ့အကျိုးဆက်ကတော့ ရန်ဖြစ်စကားများရင်းနဲ့ မကျေနပ်ချက်တွေပိုပိုကြီးထွားလာရတာပါပဲ ။ ပြန်ထုတ်ပြောလိုက်၊ရန်ဖြစ်လိုက်၊အဲ့တစ်ခါကနေ နောက်တစ်ခါထပ်ဖြစ်လိုက်နဲ့ သံသရာလည်နေရတာ ။

နှစ်ယောက်စလုံးက သမီးမျက်နှာကြောင့်သည်းခံနေတာ မကွာရှင်းတာ လို့ပြောနေမိပေမယ့် တကယ့်တကယ်စိတ်ထဲမှာကတော့ ကိုယ်ကိုယ်တိုင်ကကို မပြတ်နိုင်တာမျိုးမှန်း မသိကြသေးဘူး ။ တကယ်တမ်းဆို ဖောက်ပြန်တယ်ဆိုတဲ့စကားက နှစ်ယောက်ကြားမှာ ရှိကိုမရှိလာသင့်တဲ့စကားပါ ။

သူတို့ကြားက ယုံကြည်မှုတွေကို ဘယ်သူတွေကများ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေတာလဲ.. ။

" အင်း.. Chanyeol ဆီကရတဲ့ mail ထဲက ဟာတွေကို အဲ့ကလေးမိဘဆီပေးလိုက်.. ပြီးရင် ကျောင်းရဲ့ website မှာရောတင်ခိုင်း.. နောက် ကိုယ်တိုင်လည်း တိုင်ချက်ဖွင့်ခိုင်းလိုက်ပါ..
အာ.. ပြောဖို့ကျန်သေးတယ် "

Who cares?「 ChanBaek 」Where stories live. Discover now