° 37 °

2.9K 403 93
                                    

(Unicode)

Shinwoo တုန်လုှပ်နေသောစိတ်တွေဖြင့်
အရဲစွန့်ကာ အခန်းထဲဝင်သွားတော့ Baekhyun ကို ဆိုဖာအရှည်ကြီးပေါ် တစောင်းလှဲနေပြီး လက်ဖက်ရည်သောက်နေတာကိုတွေ့လိုက်ရသည် ။ ကြောက်ရွံနေမိ၍ အနားမကပ်ရဲသောသူ့ကို Baekhyun က တစ်ချက်လှမ်းကြည့်ပြီး
" ဒီမှာလာထိုင်လေ ~ " ဟု ပျူငှါစွာ ခေါ်၏။
Shinwoo အယောင်ယောင်အမှားမှားဖြင့်ပင် Baekhyun အနားက ဆိုဖာဆီ ခပ်သွက်သွက်လျှောက်သွားပြီး ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။ အကြောက်လွန်နေရင်လည်း သူတို့ကမကောင်းတဲ့လူမို့ကြောက်နေတာလား ဆိုပြီးတွေးနေကြရင် ဒုက္ခမို့လား ။

" ဒီအိမ်မှာနေချင်လား "

Baekhyun ကဆိုဖာလက်ရမ်းပေါ် လက်ပိုက်လျက် မှီကာ Shinwoo ကို မေးလိုက်တော့ မဝ့ံမရဲနှင့် ငုံ့ထားသော Shinwoo ခေါင်းမော့ကြည့်လာသည်။ တည်ကြည်နေသော Baekhyun ရဲ့မျက်နှာဟာ မာန်တွေမရှိသလို အရမ်းချိုမြနေခြင်းလည်းမဟုတ် ။ ပြောင်ရှင်းနေတဲ့မျက်နှာဖွေးဖွေးပေါ်ဝယ် မှဲ့စက်ကလေးတွေကိုပါ ဟိုတစ်ပေါက် ဒီတစ်ပေါက် အထင်းသား မြင်နေရပုံက Shinwoo အတွက်တော့ လွန်စွာချောမောလွန်းသည်ဟု ပြောလို့ရသည် ။ Sebyul ပြောတဲ့ ငယ်ရွယ်ပြီးချောသေးတယ်ဆိုတာ မှန်လိုက်ပါပေ့ ။ ရုပ်ရည်ရူပကာကိုကြည့်တာနဲ့ ဘယ်လောက်ထိ ထက်မြတ်မယ်ဆိုတာတော့ မေးစရာပင်မလိုတော့ပေ ။

" Shinwoo..  "

" ဗျ.. ဗျာ  ဟုတ်ကဲ့ Sebyul Appa "

" ဒီအိမ်မှာ နေချင်သလားလို့ မေးနေတာ "

" အာ..ဟုတ်ကဲ့ ဦးဆုံး ကျွန်တော့်သဘောကိုမေးပေးတာ ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်က ဘာပဲဖြစ်ဖြစ် အဆင်ပြေတာမို့ Sebyul Appa ကပဲ ဆုံးဖြတ်ပေးလို့ရမလား.. ကျွန်တော့်တစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးတွေဖြစ်နေမှာစိုးလို့ပါ ၊ အမှန်တိုင်းပြောရရင် ကျွန်တော် အားလည်း အားနာလို့.. "

" အော်  "

Baekhyun စိတ်ထဲကနေတော့ Shinwoo ကို အမှတ်စပေးနေပြီဖြစ်သည် ။ သနေ္ဓဆိုးလေး မဟုတ်နေတာပဲ တော်သေးတယ်ပြောရမည်လား ။ Kyung Mina ဗိုက်ထဲကထွက်လာတဲ့ကလေးဆိုတာ ယုံဖို့တောင်ခက်လှသည် ။ လိမ္မာရေးခြားရှိပြီး ရင့်ကျက်တဲ့ကလေးတွေကိုသဘောကျတဲ့ Baekhyun ကတော့ Shinwoo ကို ပိုလို့တောင်ူနားစိတ်ဝင်လာမိ၏။

Who cares?「 ChanBaek 」Where stories live. Discover now