(Zawgyi)သစ်ပင်ပန်းမန်တို့နဲ့
စိမ်းစိုသာယာနေသော ပန်းခြံငယ်တစ်ခုအတွင်းက သစ်သားခုံတန်းလျားလေးပေါ်တွင်ထိုင်ကာ Baekhyun တုတ်ချောင်းကလေးတစ်ချောင်းဖြင့် မြေကြီးပေါ်မှာပုံလျှောက်ဆွဲနေသည် ။တစ်ယောက်တည်းတိတ်ဆိတ်စွာထိုင်နေပြီး နွေလေငြင်းလေးတွေက တစ်ဝေ့ဝေ့ဖြင့် တိုက်ခက်နေသောကြောင့် နဖူးပေါ်ရှိဆံစလေးတွေက တလှုပ်လှုပ် ။
" Appa ! အဟိ "
ကိုယ်တိုင်ပင် ဘာဆွဲလို့ဆွဲမိနေမှန်းမသိသည့် ရောက်တက်ရာရာ ပုံများကို လျှောက်ဆွဲနေမိတုန်း ကလေးငယ်တစ်ယောက် အော်သံလေးကြောင့် သူ ခေါင်းထောင်လာမိသည် ။
ဘေးပတ်ဝန်းကျင်တွင်ဘယ်သူမှမရှိသလို
သစ်ပင်တွေအားလုံးဟာလည်း လေတိုက်မပျက် ယိမ်းနွဲ့နေကြသည် ။" Appa ~ သား "
" haa~! "
အသံလေးထပ်ကြားလိုက်ရ၍ ကြားရသည့်ဘက်သို့ ဆက်ကနဲလှည့်ကာ စူးစမ်းလိုက်မိသည် ။
ကြီးမားသောသစ်ပင်ကြီး၏နောက်မှ လာနေသော ကလေးငယ်တစ်ယောက်ရဲ့ ရယ်သံသေးသေးလေးတွေက သူ့နားထဲ ဆက်တိုက်ကြားနေရပြီး နောက်တစ်ခုက အဲ့အသံလေးဟာ သေချာပေါက် သူ့သားလေးရဲ့ အသံ ။" Hyunwoo လား "
ပါးစပ်ကမေးကာ ထိုသစ်ပင်ကြီးအနားသို့ ဖြေးဖြေးချင်းတိုးကပ်သွားလိုက်သည် ။ ကိုယ်ထည်ကြီးမားတဲ့သစ်ပင်ကြီးရဲ့အနောက်သို့ တုန်လှုပ်စွာနဲ့ သွားကြည့်မိတော့..
" အဟီးဟီး "
" သား.. "
ငုတ်တုတ်ထိုင်ကာ ခန္ဓာကိုယ်လေးကို ကျုံ့ရင်း ပုန်းနေသော Hyunwoo က သူ့ကို အကွယ်လေးကနေခေါင်းပြူကာ ရယ်ပြလာသည်။
ဘုရားရေ.. သားက ဒီရွာမှာရှိနေခဲ့တာလား!
" Hyunwoo! "
" Appa "
ကလေးငယ်ရဲ့မျက်ဝန်းသေးသေးလေးတွေကအပြုံးတွေသည် သူ့ဆီမှရသည့်အမွေလှလှလေးဖြစ်ပြီး တစ်ဖန်ပြန်လည်တွေ့လိုက်ရတဲ့အချိန်မှာ ရင်ထဲ နွေးလွန်းလှသည် ။
ချက်ချင်းထကာ ရင်ခွင်ထဲပြေးလာသော ကလေးငယ်ကို အားပါးတရ ပြန်ဖက်ထားလိုက်ချိန် ရင်ဘတ်ထဲမှအောင့်တက်လာသောကြောင့် မျက်ရည်များပါ ရစ်ဝိုင်းလာမိတော့သည် ။