° 17 °

2.3K 381 82
                                    


(Zawgyi)

" လွှတ်  ဒါကိုလွှတ်စမ်းပါ စိတ်တိုလွန်းလို့ ဘာမှထပ်စောင့်မနေတော့ပဲ ဒီတိုင်း သတ်ပစ်လိုက်တော့မယ် "

" Hyun မင်း .. စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ကွာ သူများအမှားကနေ မင်းအမှားဖြစ်ကုန်မှာစိုးလို့ပြောနေတာကွ "

ဆေးရုံအခန်းတစ်ခန်းထဲ၌ ခေါင်းတွင်ပတ်တီးအဖွေးသားနှင့် Sebyul မှာ ကုတင်ထက် ငြိမ်ဆိတ်စွာထိုင်နေပြီး Sehun က လက်တွင်စူးမိသည့်ဖန်ကွဲစများကြောင့် အနည်းငယ်ရှသွားသည့်နေရာလေးတွေကို ဆေးထည့်ပေးနေရင်း Chanyeol နဲ့ Baekhyun စကားများနေတာကို ကြည့်နေသည် ။

Park Chaeyoung ကို အတင်းသွားသတ်မယ်လုပ်နေတာကြောင့် Baekhyun ကို Chanyeol ဆွဲနေရခြင်းပင် ။

" တဖြေးဖြေး နဲ့ လူတွေမဟုတ်တော့ဘူးသိလား ငါ့သားကိုထိလိုက် ငါ့သမီးကိုထိလိုက်နဲ့ သူတို့ကဘာတွေမလို့လဲ !! "

" အင်း ကိုယ်သိတယ်.. ဒါပေမယ့် မင်းဒေါသရှေ့ထားပြီးလက်လွန်ရင် သူ့အမှားကနေကိုယ့်အမှားဖြစ်လာမယ်မို့လား ။ အေးအေးဆေးဆေးဖြေရှင်းရအောင် ကိုယ်ဒီကိစ္စ အဖေ့ကိုလည်းပြောထားတယ်.. ခုတောင်အိမ်မှာ အဲ့ဒီကောင်မလေး ဘယ်လိုဖြစ်နေပြီလဲမသိဘူးကွာ ကိုယ်တို့သမီးလည်း အခု ဘာမှမဖြစ်သွားဘူးမလား "

" ဘာလို့ဘာမှမဖြစ်ရမှာလဲ ဘာလို့ (ဖြန်း)
ဘာလို့ (ဖြန်း) ဘာလို့ ဘာမှမဖြစ်ရမှာလဲ !! (ဖြန်း) "

ပြောရင်းအသည်းယားလာသည်မို့ ထိန်းနေသောချန်းယောက်ရဲ့လက်မောင်း ကိုပင် အံကြိတ်ကာ ဆွဲရိုက်နေမိတော့သည် ။

" ငါ့သမီးကိုပိုးမွေးသလိုမွေးထားရတာ ခုကြည့်စမ်း ကလေးကခေါင်းလည်းထိ လက်တွေကလည်းသေးသေး သေးသေးလေးတွေနဲ့ ပွစာကိုကျဲနေတာပဲ မကျေနပ်နိုင်ဘူး .. ငါ့လက်နဲ့ပြန်ရိုက်ခွဲရမှကိုကျေနပ်မယ် "

Baekhyun မှာအကြီးအကျယ်ပေါက်ကွဲနေသည်မို့ ဘယ်သူမှထိန်းမနိုင်တော့ပေ ။
ခေါင်းထိလို့ မူးဝေရတဲ့အထဲ အဖေတို့ကပါ
အနားလာပြီး စကားများနေကြသည်မို့ Sebyul ပိုမူးချင်သည် ။

Sehun မှာလည်း မနိုင်လို့လွှတ်ထားရသည့်ပုံပေါက်နေတော့သည် ။ ဝင်တားသည့်စကားတစ်ခွန်းပင် မပြောနိုင်တော့ပါ ။

Who cares?「 ChanBaek 」Where stories live. Discover now