° 18 °

2.6K 367 30
                                    


( zawgyi )

ဒီနေ့က တနင်္လာနေ့ ..

ညနေကျရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲလည်းသွားရဦးမည်မို့ Baekhyun ရဲ့ အလုပ်က ဒီနေ့ ပိုရှုပ်နေသည် ။

အိမ်ပြန်ရောက်သည်နှင့် ခဏနားကာ ရေမိုးချိုး အဝတ်အစားလဲပြီး Wooyoung စာပို့ပေးထားတဲ့ နေရာဆီသို့ ထွက်လာခဲ့လိုက်သည် ။

ရုံးအတက်များတဲ့လူမို့ suit နဲ့ပိုရင်းနှီးပေမယ့် သူငယ်ချင်း တွေနဲ့ပြန်တွေ့ရမှာပဲမို့ စိတ်လေးစရာအဝတ်အစားတွေမဝတ်ချင်ပေ ။ ထိုကြောင့် ပေါ့ပေါ့ပါးပါးပင် တီရှပ်အဖြူလေးပေါ်ဂျာကင်အနက်လေးထပ်ကာ ကိုယ်ကျပ်ဂျင်းဘောင်းဘီလေးဖြင့်ပင်ထွက်လာခဲ့လိုက်သည် ။

Kyung Mina ကလည်း လာတာမို့ ကားမောင်းလာသည့်လမ်းတစ်လျှောက် သူ့ကားနဲ့ မီနာ့ကားက ရှေ့ဆင့်နောက်ဆင့်ဖြစ်သွားလိုက် ၊ ဘေးချင်းယှဉ်သွားလိုက် ဖြင့် လမ်းမထက် ကားပြိုင်မောင်းနေသလိုမျိုး ဖြစ်နေပြန်သည် ။

တကယ်စိတ်ရှုပ်စရာပဲ..
အဲ့အမျိုးသမီး ဘာလုပ်လုပ်ကိုစိတ်ရှုပ်ရတယ်..

_________________________

စားသောက်ဆိုင်ထဲကို Baekhyun ဝင်လာတာနဲ့ ဆူညံစကားပြောနေသောသူငယ်ချင်းတွေက အံ့သြတကြီး ကြည့်တဲ့လူကကြည့်၊မသိမသာခိုးကြည့်သူကကြည့်ဖြင့် လုပ်နေကြသည် ။

Baekhyun က ကျောင်းတုန်းက စာလည်းတော်ပြီး အဖေကလည်း အကောင်ကြီးကြီးဖြစ်တဲ့အပြင် ကျောင်းကိုရောသားကိုပါ ရှယ်ထောက်ပံ့လို့ အားလုံးက အားကျခဲ့ရသည်လေ ။ Baekhyun က နာမည်ကြီးသလို လူမုန်းကလည်းအင်မတန်များသည် ။ သို့သော် ဘယ်သူကမှ ပေါ်တင်မမုန်းရဲပါ ။ Kyung Mina ကလွဲလို့ပေါ့ ။

ဘယ်လောက်မုန်းမုန်းပါလေ..
သူတို့ဟာသူတို့ မုန်းလွန်းလို့ သေသွားရင်တောင် Baekhyun ဂရုစိုက်မှာမဟုတ်ပေ ။ စာတော်တယ်ဆိုတာကလည်း သူ့အရည်အချင်းကိုက ထက်မြတ်နေပြီးသားမို့ဆိုတာ စာစစ်ဆရာမတွေအားလုံးအသိပင် ။ ဒါကို ခဏခဏ မိဘအရှိန်အဝါကြောင့်ပဲနေရာရနေသလိုလို လုပ်ကြံဖန်တီးထားသလိုလိုတွေပြောခံရသည်လေ ။

မဟုတ်မခံစိတ်ကလည်း ဓားထက်ပြတ်လွန်းလို့ Mina ကို Baekhyun က အမြဲ ပေါ်ပေါ်ထင်ထင်ပဲ ပြောခဲ့ဆိုခဲ့သည် ။ ယောက်ျားလေးချင်းရန်ဖြစ်ရတာထက် Mina နဲ့စကားများနေရတာတွေက ပိုများခဲ့မည်ထင်၏။

Who cares?「 ChanBaek 」Where stories live. Discover now