° 36 °

2.7K 404 81
                                    

(Unicode)

စာမေးပွဲရက် ဖြစ်တာမို့ တစ်နေကုန်ကျောင်းမတတ်ရသဖြင့် ဘာသာရပ်တစ်ခု ဖြေပြီးပြီးချင်း Chaeyoung အိမ်သို့ပြန်ရောက်လာခဲ့သည် ။
အိမ်က အစ်ကိုဖြစ်သူက ကယောင်ကတမ်းဖြစ်နေတာမို့ သူမလည်း စိတ်နဲ့လူနဲ့ကသိပ်မကပ်ချင် ။ ခံစားချက်တွေမကောင်းနေ၍ ဘယ်သူ့ကိုမှလည်း စကားကောင်းကောင်းမပြောမိသလို စာမေးပွဲဖြေခဲ့တာလည်း ဘာတွေဖြေခဲ့မှန်းကိုမသိ ။

ကျော့မော့နေတဲ့ Sebyul ကတော့ မနက်ကတည်းက ကြည်လင်လို့ ။ အဲ့တာကြောင့်လည်း ပိုစိတ်ရုှပ်နေရတာပေါ့ ။ အိမ်မှာပြဿနာရှာပြီး သူကကျ ကြည်ကြည်လင်လင်ကျောင်းတတ်နေတာ ဘယ်လောက်တောင်မုန်းဖို့ကောင်းလဲ ။

* ဒုန်း *

Chaeyoung ကားတံခါးကို အကြမ်းပတမ်းပိတ်ပြီး ရေအမြန်ချိုးချပစ်ချင်၍ အိမ်ထဲသို့ ခပ်သွက်သွက် ဝင်လာခဲ့သည် ။ စိတ်တွေလေးပြီးထိုင်းမုှိင်းနေခဲ့တာက အိမ်ကိုရောက်မှ ပိုလို့တောင် ဆိုးသွားပြီဖြစ်သည် ။ သိသိသာသာတိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ ဘယ်သူ့ကိုမှမတွေ့ရ ။ ကိုယ်ပဲစိတ်ထင်နေလို့လားမသိပေမယ့် ဆူညံပွက်လောရိုက်နေတတ်တဲ့ Park Sebyul အဖေသေးလေးကိုတောင် မမြင်မိ ။

* ကလေးကိစ္စနဲ့ဆေးရုံသွားချင်သွားနေကြမှာပေါ့ သူတို့ဟာသူတို့ ဘာလုပ်လုပ် ငါနဲ့မဆိုင်ပါဘူး *

" Ommma.. Park Minhyuk.. တီ SeoAh "

အော်ခေါ်ရင်း ရှိသမျှနေရာတွေပတ်ရှာကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှရှိမနေ ။
အောက်ထပ်တွင်တော့ ရှင်းလင်းနေသည် ။ မီးဖိုဆောင်ထဲက စားဖိုမှူးယန်းပင် မရှိတော့ ။ အိမ်အကူတွေလည်း တစ်ယောက်မှမတွေ့ ။
စာမေးပွဲလေး သွားဖြေလိုက်တာ အိမ်မှာဘာတွေဖြစ်နေကြတာလဲ ။

" Ommaa!!! "

ပိုမိုကျယ်လောင်စွာ အော်ခေါ်ရင်း လှေကားကနေ ပြေးတက်သွားတော့မှ ပထမထပ်တွင် ခြေရုှပ်နေသော ရဲ Uniform ဖြင့် ယောက်ျားသား လေးငါးယောက်ကို တွေ့လိုက်ရသည် ။

" ဘာတွေလုပ်နေကြတာလဲ "

နှစ်ယောက်သုံးယောက်မှာ ရှိသမျှပစ္စည်းတွေကိုလိုက်စစ်ဆေးကြည့်နေပြီး အခန်းတံခါးဖွင့်ထားတဲ့ Minhyuk အခန်းထဲမှာတော့ ရဲနှစ်ယောက်က ပိုက်စိပ်တိုက်ရှာဖွေနေကြသည်ကိုတွေ့ရသည် ။ အ့ံသြတကြီး အော်ဟစ်မေးနေပေမယ့် သူမကို ဘယ်သူကမှ ပြန်အဖြေမပေးကြသလို မကြားချင်ယောင်သာဆောင်နေကြ၏ ။

Who cares?「 ChanBaek 」Where stories live. Discover now