° 27 °

2.9K 396 77
                                    

(Unicode)

" ဘာလို့အများကြီး တွေးနေတာလဲကွာ  ဒီအတိုင်း ကိုယ်တို့ သားသမီးတစ်ယောက် ထပ်ရလာတယ်လို့ပဲ ရိုးရိုးလေး တွေးလို့မရဘူးလား .. ဟင် "

အခုထိ ဖြောင်းဖျလို့ မရပါ ။
ဆေးရုံကအပြန် ကားထဲရောက်သည်အထိ ချော့မြူပြောလို့ပင်မရတာ ၊ ခြောက်သာပြောမယ်ဆို ပိုတောင်ဆိုးပါဦးမယ်လေ ။

" မင်း မလိုချင်ဘူးလား .. ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြော Hyun "

မီးပွိုင့်မိနေတုန်း ခဏ Chanyeol ဘေးသို့လှည့်ကာ ငေါင်နေသော Baekhyun ကို မေးလိုက်သည် ။ သွက်ချင်တဲ့အချိန်ကျ ရှယ်သွက်ပြီး အခုလိုမှိုင်ပြီဆိုလည်း တုပ်တုပ်ကိုမလုှပ်တော့တာ ။ ဒီကောင်လေးကို သူ ဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့ပါဘူး ။

" ... "

" Hyun..မင်းကွာ "

မီးပွိုင့်စိမ်းသွားသည်ထိ စကားတစ်လုံးဟမလာ၍ Chanyeol အသည်းတယားယားဖြင့် ကားသာ မောင်းထွက်လာလိုက်တော့သည် ။

" ငါ့သားလေးက ကောင်းတဲ့နေရာ ရောက်သွားပြီပဲကို ဘာလို့ ဒီလောကထဲ ပြန်ဆွဲခေါ်ရမှာလဲ.. "

..

ကားမှန်ကိုခေါင်းမှီရင်း တွေတွေလေးပြောနေတဲ့ Baekhyun ပုံကသနားစရာ ။ ဒါပေမယ့် သူ့ရဲ့အတွေးက နည်းနည်းတော့ မဟုတ်သေးဘူးမလား ။

" မင်းအယူသီးနေတာပါကွာ.. သားသားကို မင်းကချစ်လွန်းလို့သာ အိပ်မက်ထဲထိ တွေ့ခဲ့ရတာပါ အရမ်းကြီးမမုှိင်နေပါနဲ့ ဒီစိတ်နဲ့ နေမကောင်းဖြစ်သွားဦးမယ် "

" ငါ ့မှာလုပ်စရာတွေလည်းရှိသေးတယ်လေ ၊ ဒီကလေးနဲ့ငါဘယ်လိုအလုပ်လုပ်ရမှာလဲ၊ ငါ့သားလေးရဲ့အမုှကဖြင့် ခုထိဝေလေလေဖြစ်နေတုန်း.. "

" မပူနဲ့ ကိုယ်လုပ်မယ်.. ကိုယ်လုပ်နေတယ် !
မင်းဖြစ်စေချင်တဲ့အတိုင်းအတာထိ ကိုယ်ရအောင်ကို လုပ်ပေးမယ်ကွာ "

Baekhyun က Chanyeol ကို အသာငေးကြည့်လာပြီး..

" မင်းကတကယ် ကလေးထပ်လိုချင်လို့လား "

လွန်စွာဖြောင်းဖြနေသည့်အပြင် စိတ်မရှည်ချင်တော့တဲ့စိတ်ကိုပါ အတင်းချိုးနှိမ်ပြီး Baekhyun ကို ကောင်းကောင်းမွန်မွန် ချော့မြူနေတဲ့ Chanyeol ကိုမေးခွန်းထုတ်လိုက်တော့..

Who cares?「 ChanBaek 」Where stories live. Discover now